သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-15
ပညာရေးဥပဒေပြင်ဆင်တဲ့ဥပဒေမူကြမ်း နဲ့ပတ်သက် တဲ့ အစီရင်ခံစာကို အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီက အခုသီတင်းပါတ်အတွင်းမှာ အပြီးရေးဆွဲပြီး လွှတ်တော်ကိုအမြန်ဆုံးတင်သွင်း မှာဖြစ်တယ်လို့ ကော်မတီဥက္ကဌ ဦးခင်မောင်ရီ က ပြောပါတယ်။
2015-03-15
၂၀၁၂-ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက လက်ပံတောင်းတောင် ဒေသမှာ သပိတ်စခန်းကို ရဲတပ်ဖွဲ့က မီးလောင်ဗုံးနဲ့ အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် မီးလောင် ဒါဏ်ရာရရှိတဲ့ သံဃာတွေကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာနကို တရားစွဲဖို့စီစဉ်နေပါတယ်။
2015-03-15
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီ UPWC နဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တို့ ဒီနေ့ နေပြည်တော် မြန်မာကွန်ဗန်း ရှင်းစင်တာ MICC 2 မှာ တွေ့ဆုံခဲ့ကြပါတယ်။
2015-03-15
ရခိုင်ပြည်နယ် မြေပုံမြို့အနီး နောင်တော်မြစ်အတွင်း နစ်မြုပ်သွားတဲ့ အောင်တံခွန် (၃) ခရီးသည်တင် ရေယာဉ် ဘာကြောင့်နစ်မြုပ်ခဲ့တယ်ဆိုတာ သိရှိနိုင်အောင် အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2015-03-15
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တွေ့ဆုံဆွေးနွေးပွဲ အကြောင်းနဲ့ပတ်သက်လို့ ကိုမြအေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားတာနားဆင်ပါ။
2015-03-15
လွှတ်တော်ကြားနာပွဲကို ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီဝင် ၁၅ ဦးမှာ ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ် ၆ ဦးဘာကြောင့် မတက်ဖြစ်တာလဲဆိုတာနဲ့ ပတ်သက်လို့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဗကသကိုယ်စားလှယ် ကိုအောင်နေပိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2015-03-14
ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ဟာ ကျောင်းသား သပိတ်ဖြိုခွဲခံတဲ့ အချိန်မှာ အပြင်းအထန်ရိုက်နှက်ခံရတဲ့ဒဏ် နဲ့ ထောင်ဆေးရုံမှာ ကုသနေရတယ်လို့သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် မိဘတွေကအတော်လေး စိုးရိမ်နေကြပါတယ်။
2015-03-13
အမျိုးသားလွှတ်တော်မှာ ပြုလုပ်နေတဲ့ အမျိူးသားပညာရေး ဥပဒေပြင်ဆင်ရေးဆိုင်ရာကြားနာပွဲကို လာမယ့် (၁၇) ရက်နေ့မှာ တက်ရောက်မယ်လို့ NNER ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက်က ပြောပါတယ်။ NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-03-12
ပြန်လည်လွတ်မြောက်လာတဲ့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသူ မရည်မိုမိုအောင်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက် သွယ်မေးမြန်းထားပါတယ်။
2015-03-12
သာယာဝတီအကျဉ်းထောင်ကနေ ဒီနေ့ ပြန်လည်လွတ်မြောက်လာတဲ့ ကျောက်ဆည်မြို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တာဝန်ခံ ကိုအောင်မင်းခန့်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-03-12
ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ကိုဉာဏ်ထွန်းကို RFA သတင်းထောက် မစန်းမော်အောင်က တေ့ွဆုံမေးမြန်းထားပါတယ်။
2015-03-12
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ဖြိုခွင်းခံရချိန်မှာ ပဲခူးတိုင်းဒေသကြီးအစိုးရနဲ့ ကျောင်းသားသပိတ် ခေါင်းဆောင်တွေအကြား ညှိနှိုင်းပေးခဲ့တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင်ကို RFA သတင်းထောက် ကိုအောင်ကိုကို က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-03-12
ပဲခူးတိုင်း လက်ပံတန်းမြို့က ကျောင်းသားသပိတ်ကို ဖြိုခွဲစဉ်မှာ ကျောင်းသားတွေနဲ့ အတူရှိခဲ့တဲ့ မန္တလေးမြို့ အလယ်တိုက်ကြီး ဒက္ခိဏရာမဘုရားကြီးတိုက်က ဆရာတော် ဦးဝိသုတဟာ ဒီနေ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာကျင်းပတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ရှုတ်ချပွဲကို တက်ရောက်ခဲ့ပါတယ်။
2015-03-12
ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရတာကို ကိုယ်တိုင်ကြုံတွေ့ရပြီး မနေ့ကပြန်လွတ်လာတဲ့ မန္တလေးမြို့ ရှမ်းစုရပ် ဆီးဘန်နီတိုက်က ဆရာတော် အရှင်စိန္တတကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2015-03-11
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကန့်ကွက်လိုက်ပါတယ်။