သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-11
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စခန်း ဖြိုခွဲချိန်မှာ ကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ မြို့ခံ ကိုလွှမ်းမိုးအောင်ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ် မေးမြန်းထားပါတယ်။
2015-03-11
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ဖြိုခွဲခံရချိန်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ပံတန်းမြို့နယ် ဆေးရုံ မှာ ဆေးဝါးကုသမှုခံယူနေတဲ့ ဆရာမ မဇာဇာထွန်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ် မေးမြန်းထားပါတယ်။
2015-03-11
ကျောင်းသားသပိတ်စခန်း ဖြိုခွဲခံရချိန်မှာ သတင်းယူနေတဲ့ RFA သတင်းထောက် ကိုအောင်ကိုကို ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ် မေးမြန်းထားပါတယ်။
2015-03-11
ကျောင်းသားသပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွဲချိန်မှာ သတင်းမီဒီယာသမားတချို့လည်း ရိုက်နှက်ဖမ်းဆီးခံရပါတယ်။
2015-03-11
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းရာမှာ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ရှမ်းပြည်နယ်လုံးဆိုင်ရာကျောင်း သားများသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုစိုင်းနောင်ပြည့်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-03-09
လက်ပံတန်းမြို့က ကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီး ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ကိုယ်စားလှယ်တွေဟာ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသက်ထွန်းနဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-03-08
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့မှာ သပိတ်စခန်း ဖွင့်ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်းသူတွေကို နိုင်ငံ လုံးဆိုင်ရာပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက် NNER အဖွဲ့ဝင်တွေက သွားရောက်တွေ့ ဆုံပြီး အစိုးရနဲ့ ထိပ်တိုက်တေ့ွဆုံမှုတွေ မလုပ်ဖို့ နဲ့ တွေ့ဆုံညှိနှိုင်းဖို့ ပြောကြားခဲ့ပါတယ်။
2015-03-08
အင်္ဂလိပ်ကိုလိုနီခေတ်က ပြဌာန်းကျင့်သုံးတဲ့ ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးများ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုးပြင်ဆင်လိုက်တဲ့ စစ်အုပ်ချုပ်ရေး အမိန့် ၂/၂၀၁၅ နဲ့ လက်ပံတောင်းကြေးနီစီမံကိန်းမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ စတဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေအကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
2015-03-08
မြန်မာနိုင်ငံမှာ အမျိုးအမည်မသိတဲ့ အရပ်သားတွေကို တာဝန်ဆိုတဲ့ လက်ပတ်အနီတစ်ခုပတ်ပေးပြီး ရဲတပ်ဖွဲ့နဲ့တန်းတူ လုပ်ပိုင်ခွင့်ပေးထားတာဟာ နိုင်ငံရဲ့ပုံရိပ်ထိခိုက်စေတယ်လို့ အာဇာနည် ခေါင်းဆောင် ဦးဘဝင်းရဲ့သားဖြစ်သူ ယခင်အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ခေါင်းဆောင် ဒေါက်တာစိန်ဝင်းက ပြောလိုက်ပါတယ်။
2015-03-07
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ အောင်မြေ ဗိမာန်ကျောင်းတိုက်အနီးမှာ သပိတ်စခန်းဖွင့်ပြီး အစာ ငတ်ခံဆန္ဒပြ တောင်းဆိုနေကြတာ ဒီနေ့ဆိုရင် ၆ ရက် မြောက်နေ့ဖြစ်ပါတယ်။
2015-03-07
လက်ပံတန်းမြို့ကို ရောက်ရှိနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံတဲ့အနေနဲ့ လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ်ကို ချီတက်လာတဲ့ ကျောင်းသား ကျောင်းသူတွေဟာ အောင်ပန်းမြို့မှာ ဒီနေ့ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။
2015-03-06
ဒီနှစ်နွေရာသီဟာ အရင်နှစ်တွေထက် ပိုမိုပူပြင်းဖို့ ရှိပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာလည်း လွန်ကဲအဆင့်အထိ ရောက်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းပြော ကြားထားပါတယ်။
2015-03-06
အစိုးရအနေနဲ့ ဘယ်ပဋိပက္ခကိုမှ ဖြစ်စေချင်တာမဟုတ်ပဲ ပြဿနာတိုင်းကို ဆန္ဒပြတဲ့နည်းလမ်းနဲ့ ဖြေရှင်းတာကို လက်မခံကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
2015-03-06
ပြီးခဲ့တဲ့ မတ်လ ၄ရက်နေ့က အထည်ချုပ်စက်ရုံ အလုပ်သမတွေကို ဖမ်းဆီးခဲ့ရာမှာ အရပ်သားတွေ ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ မျက်မြင် သက်သေတွေ အဆိုအရ အဲဒီ့အရပ်သားတွေဟာ အကြမ်းဖက်ဖမ်းဆီးမှုတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေလည်း ရှိပါတယ်။
2015-03-06
ဒီကနေ့ နေပြည်တော ်အမျိုးသားလွှတ်တော်မှာ စတင်ကျင်းပတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကြားနားပွဲကို NNER မတက်ရောက်တာနဲ့ ပတ်သက်လို့ NNER အဖွဲ့ဝင် ဒေါ်သူသူမာကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။