သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-05
အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း ကြားနာမှုပွဲကို ဒီနေ့အမျိုးသားလွှတ်တော်မှာ ကျင်းပခဲ့ပါတယ်။
2015-03-05
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲတာမလုပ်ဖို့ ရန်ကုန် မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆိုကြတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ အရပ်ဖက်လူမှုုအဖွဲ့အစည်းတွေကို ရဲတပ်ဖွဲ့နဲ့ စွမ်းအားရှင်တွေက အကြမ်းဖက်ဖြိုခွဲလိုက်ပါတယ်။
2015-03-05
နေပြည်တော် အမျိုးသားလွှတ်တော်မှာ အမျိုးသားပညာရေး ဥပဒေကြမ်းပြင်ဆင်ရေးအတွက် ဒီနေ့ ကြားနာပွဲကျင်းပခဲ့ရာမှာ သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်တွေက ကြားနာပွဲကို မတက်ရောက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
2015-03-04
လက်ပံတန်းမြို့မှာ မနေ့မနက်ကစပြီး အခုချိန်ထိ ရဲတပ်ဖွဲ့က အလုံးအရင်းနဲ့ တားဆီးခံထားရတဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်းက ကျောင်း သားတွေရဲ့ အခုမနက်အထိ အခြေအနေနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2015-03-04
လက်ပံတန်းမြို့မှာ မနေ့မနက်ကစပြီး အခုချိန်ထိ ရဲတပ်ဖွဲ့အလုံးအရင်းနဲ့ တားဆီးခံထားရတဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်းက ကျောင်းသား/ကျောင်းသူတချို့ရဲ့ ရင်ဖွင့်သံတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2015-03-04
ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်တွေက လက်ပံတန်းမြို့ကနေ ထွက်ခွာခွင့်မပြုဘူးဆိုရင် အစာ ငတ်ခံပြီး ထိုင်သပိတ်အဖြစ် ဆက်လက်ဆန္ဒပြသွား မယ်လို့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေ က ပြောပါတယ်။
2015-03-04
နိုင်ငံတော်အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မနဲ့ ၄ ရက်ကြာ မုံရွာအကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ အလွတ်ဓါတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးက ဒီနေ့ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-03-02
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက လျှို့ဝှက် သဘောထားဖြန့်ဝေတာတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ အမြင်သဘောထားကွဲလွဲအောင် လုပ်ဆောင်နေတာတွေအပြင် လွှတ်တော်မှာ ခွဲခြားကြားနာတာတွေဟာ လေးပွင့်ဆိုင် သဘောတူညီချက်တွေကို ပျက်ပြားအောင် လုပ်ဆောင်နေတာဖြစ်ကြောင်း နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးကွန်ရက် NNER အဖွဲ့ခေါင်းဆောင် ဒေါက်တာသိန်းလွင်က ဝေဖန်ပြော ဆိုလိုက်ပါတယ်။
2015-03-02
လက်ပံတန်းမြို့မှာ ခေတ္တရပ်နားထားတဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းဖို့ မုံရွာ၊ ရတနာပုံ၊ ပြည်၊ ပေါင်းတည်၊ နတ်တလင်းတို့က ကျောင်းသားတွေဟာ အခက်အခဲ အတားအဆီးတွေကို ဖြတ်သန်းပြီး ရောက်ရှိလာသလို မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂဝင် ကဗျာဆရာတချို့ကလည်း ကျောင်းသားတွေကို ကူညီပံ့ပိုးဖို့ လက်ပံတန်းကို ရောက်ရှိနေကြပါတယ်။
2015-03-02
လက်ပံတန်းမြို့ကနေ ရန်ကုန်ကို ဦးတည်ထွက်ခွါမယ့် ကျောင်းသားသပိတ်ကို ဒီနေ့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်တွေနဲ့ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-03-02
အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ကွန်ပျူတာတက္ကသိုလ်နဲ့ ပြည်ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူ ၄၅ ယောက်နဲ့ ပြည်မြို့ မင်္ဂလာဥယျာဉ်ခန်းမမှာ ဒီနေ့မနက်က တွေ့ဆုံခဲ့ပါတယ်။
2015-03-01
အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ လက်ပံတန်း မြို့ရောက် ကျောင်းသားသပိတ်စစ်ကြောင်းဟာ ဒီနေ့ ရန်ကုန်ကို ဆက်လက်ချီတက်မှာ ဖြစ်ပါတယ်။
2015-03-01
လွှတ်တော်ကိုတင်သွင်းထားတဲ့ အမျိုးသားပညာရေး ဥပဒေကိုပြင်ဆင်တဲ့ဥပဒေကြမ်း နဲ့ပတ်သက်ပြီး အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က အကြံပြု ချက်တွေ ပြီးခဲ့တဲ့ရက်တွေက ပေးပို့လိုက် ပါတယ်။
2015-03-01
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်က ကျောင်း ဆရာ၊ ဆရာမတွေအတွက် မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်က လစာငွေ ထုတ်ယူတဲ့အခါ ငွေထုတ်တွေထဲ မှာ စက္ကူအလွတ် ကျပ်သိန်း ၅ဝ နီးပါး ပါဝင်နေ ပါတယ်။
2015-03-01
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး လက်ရှိ သပိတ်မှောက်နေကြ တဲ့ ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။