သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လွတ်လပ်ပြီးတရားမျှတတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်ကြဖို့ နှစ်ဘက်ခေါင်းဆောင်တွေက ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2015-01-17
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေပါဝင်နိုင်မယ့် နည်းလမ်းတွေဆွေးနွေးအဖြေရှာဖို့ အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ လူငယ်အဖွဲ့၂ဝ ကျော် က လူငယ်ကိုယ်စားလှယ် ၈ဝ ကျော်ဟာ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။
2015-01-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေကြားထဲ ရွာသားတွေ ပိတ်မိနေဆဲဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ဒေသခံတွေဖွဲ့စည်းလိုက်တဲ့ ကူညီရေးအဖွဲ့က ကိုခင်မောင်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် မနေ့ညက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2015-01-17
UNDO လို့ခေါ်တဲ့ ညီညွတ်သော အမျိူးသား ဒီမိုကရေစီအဖွဲ့က ဦးဆောင်ပြီး လူ့အခွင့်ရေး ချိူးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီး ဒီကော်မတီက ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရအဆက်ဆက်လက်ထက် က လူ့အခွင့်ရေးချိူးဖောက်မှုတွေကို စုံစမ်းဖော်ထုတ် ဖို့သွားမယ်လို့ UNDO ကိုဦးဆောင်သူတစ်ဦးဖြစ် တဲ့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနိုင်းနိုင်းက ပြောပါတယ်၊
2015-01-17
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ်ကြီး ဆင်နွှဲမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုအဖွဲ့က ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။
2015-01-17
ပဲခူးတိုင်း အင်းတကော်မြို့နယ် ဂုံညင်းတန်းရွာက ဦးမောင်ကြီးနဲ့ အခြားလူ ၃ ယောက်ကို ဒေသခံ စစ်တပ်က အိမ်ဖယ်ခိုင်းတာကို မဖယ်တဲ့အတွက် ဇန်နဝါရီလ ၈ ရက်နေ့ညက နှိပ်စက်ညှင်းပမ်းခဲ့တယ် လို့ သိရပါတယ်။
2015-01-16
ဖားကန့်မြို့နယ်အတွင်းမှာ ကေအိုင်အေ တပ်ရင်း ၆ နဲ့ အစိုးရစစ်တပ်အကြား ဒီနေ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ကျေးရွာ၃ ရွာက ဒေသခံတွေကို ကယ်ဆယ်ဖို့လည်း ခက်ခဲနေတယ်လို့ မြစ်ကြီးနား မြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ဝင် ဦးအင်ရှန်ဆန်းအောင်က ပြောပါတယ်။
2015-01-16
မြန်မာနိုင်ငံကို ၁ဝ ရက်ကြာရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ခေါင်းဆောင်တွေနဲ့ ဒီနေ့ ရန်ကုန်မြို့က အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
2015-01-15
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နဲ့ အစိုးရစစ်တပ်အကြား ဒီနေ့ မနက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားရာ ကျေးရွာ ၃ ရွာလောက် က ဒေသခံ နှစ်ထောင်လောက် နှစ်ဘက် တပ်တွေအကြားမှာ ပိတ်မိနေပါတယ်။
2015-01-15
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး EITI လုပ်ငန်း စဉ်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို လူထုဆန္ဒခံ ယူပွဲတွေကျင်းပသွားမှာဖြစ်ကြောင်း MATA လို့ခေါ်တဲ့ မြန်မာနိုင်ငံ တွင်းထွက်သဘာ၀ သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေး အဖွဲ့ွက ပြည်ထောင်စုအစိုးရအဖဲ့ွထံ မနေ့က တင်ပြခဲ့တယ်လို့ သိရပါတယ်။
2015-01-15
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ အေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တို့ ဒီနေ့မနက် ၆နာရီကစပြီး တိုက်ပွဲ ဖြစ်ပွားနေ ပါတယ်။ အဲဒီတိုက်ပွဲကြောင့် ဖားကန့်မြို့နယ် သန်းခေါင်၊ ငှက်ပျောတော နဲ့ အောင်ဘာလေ ကျေး ရွာတွေက ရွာသား ၂၀၀၀ လောက် နှစ်ဘက် ပစ်ခတ်မှုအကြားမှာ ပိတ်မိနေတယ် လို့သိရပါတယ်။
2015-01-15
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့ လုံခြုံရေးလိုက်ပါခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံတပ်သားတွေက မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝှေခါ-ဝေလုံ တောင်ကြောပေါ်မှာ မနေ့က စစ်ဆေးထိန်းသိမ်းခဲ့ပါတယ်။
2015-01-14
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ အတွင်း တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဆားလင်း ကြီးမြို့နယ်မှာ ၅ရက်ကြာ သွားရောက်စုံစမ်း စစ်ဆေးခဲ့ပါတယ်။
2015-01-14
ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီလ ၁၈ ရက်နေ့ နေပြည်တော် မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကျင်းပနိုင်ရေး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ကို တွေ့ ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
2015-01-14
နိုင်ငံ့အကြီးအကဲတွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က ပြည်ထောင်စုအစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအပေါ် ဆန္ဒထက်သန်မှု မရှိကြောင်းနဲ့ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်း ပပေးဖို့ကို ရှောင်ရှားခြင်း မပြုသင့်ကြောင်း ဆွေးနွေး ခဲ့တယ်လို့ အန်အယ်လ်ဒီပါတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။