သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-08
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မချမ်းဘော မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင် ပြီး အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးရားဝမ်ဂျုံး ဟာ မဲဆွယ်စည်းရုံးရေးကာလ အတွင်း ငွေကြေးနဲ့ မဲဆွယ်မှုတွေရှိခဲ့တယ်ဆိုပြီး အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ငွေကျပ် ၅ သိန်းတင်ပြီး ကန့်ကွက်ထားပါတယ်။
2015-12-08
တွင်းထွက်နဲ့ သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းတွေကနေ နှစ်စဉ် ရရှိတဲ့ အခွန်အခတွေနဲ့ပတ်သက် ပြီး မြန်မာနိုင်ငံတွင်းထွက် သယံဇာတ တူးဖော် ထုတ်လုပ်တဲ့ လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး MEITI အဖွဲ့က ဒီဇင်ဘာလကုန်မှာ ပထမဆုံးအကြိမ် ထုတ်ပြန်မယ့် အစီရင်ခံစာအကြောင်းကို ဒီနေ့ ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-12-08
လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်က ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖေါ်မူနဲ့ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ ဥက္ကဌ မစုစုနွေးကို ဒီဇင်ဘာလ ၆ ရက်နေ့က ပြင်ဦးလွင်ရဲ စခန်းက ဖမ်းဆီးခဲ့ပါတယ်။
2015-12-06
နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင် ဖို့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို အစိုးရ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီးရေးဆွဲနေတာ မနေ့က မြန်မာငြိမ်း ချမ်းရေးစင်တာမှာ နောက်ဆုံးနေ့အဖြစ် ဆွေးနွေးပြီး မူကြမ်းရရှိလာပြီဖြစ်ပါတယ်။
2015-12-06
မြန်မာနိုင်ငံဟာ ၂ဝ၁၄ နှင့် ၂ဝ၁၅ ခုနှစ်တွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်တွေ ဟာ ခေတ်နောက်ပြန်ဆွဲသွားတယ်လို့ Pen America အဖွဲ့က “မပြီးပြည့်စုံသေးသော လွတ်လပ်ခြင်း” ဆိုတဲ့ သူတိုရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါတယ်။
2015-12-06
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းဝေးကို စစ်တွေမြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ကနေ (၆) ရက်နေ့ထိ (၂) ရက်ကြာ ကျင်းပနေပါတယ်။
2015-12-06
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ ဒီဇင်ဘာ (၄) ရက် နေ့လည် (၂) နာရီက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-12-06
ဧရာဝတီမြစ်ဆုံစီမံကိန်း တည်ဆောက်တာဟာ ငလျင်များဖြစ်ပေါ်နိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး “မြစ်ဆုံစီမံကိန်း၏ ဘေးအန္တရာယ်များနှင့် ဆည်တမံများ တည်ဆောက်ခြင်းကြောင့် ဘေးထွက်ဆိုး ကျိုးငလျင်များ ဖြစ်ပေါ်နိုင်ခြင်း” ခေါင်းစဉ်နဲ့ ဘူမိဗေဒ အင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုက ဒီကနေ့ ရန်ကုန်မြို့ ကုန်သည်ကြီးများအသင်းချုပ် UMFCCI မှာ ဟောပြောခဲ့ပါတယ်။
2015-12-06
ရန်ကုန်ုတိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံး လုပ်ကြရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဖက်က လမ်းပိတ်ဆို့တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကို ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျောက်တန်းမြို့နယ်ရဲစခန်းက ဆင့်ခေါ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
2015-12-05
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တစ်နှစ်ကျော်အတွင်း သူတို့ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့က ကော်မရှင်ရုံးမှာ သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
2015-12-05
ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ရှမ်းပြည်နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲဖြစ်ရာမှာ အစိုးရတပ်က စာသင်ကျောင်းတွေ၊ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
2015-12-04
လာမယ့် နွေရာသီမှာ အယ်နီညိုဖြစ်ပေါ်နိုင် တာကြောင့် ရေရှားပါးတာတွေ အပူချိန်မြင့်မား တာတွေ ကြုံတွေ့နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။
2015-12-04
ရန်ကုန်မြို့အတွင်းမှာ တည်ဆောက်ပြီးတဲ့ ခုံးကျော်တံတားတွေနဲ့ တည်ဆောက်နေဆဲ တံတားတွေရဲ့ ဆောက်လုပ်မှုကုန်ကျစရိတ်တွေကို ရှင်းလင်းတင်ပြပေးဖို့ ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက မနေ့က လွှတ်တော်အစည်းအဝေးမှာ တင်ပြရာမှာ ပယ်ချခံလိုက်ရပါတယ်။
2015-12-02
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူတွေ ထဲက ၈ ဦးတို့ဟာ မနေ့က ညပိုင်းက ရန်ကုန်ပြည် သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေကြရပါတယ်။
2015-12-02
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအနီးတစ်ဝိုက်မှာ တအန်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်က တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။