သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-15
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တဝိုက်မှာ အစိုးရတပ်မတော်နဲ့ ဖုန်ကြားရှင် တပ်တွေ မနေ့ကအထိ တိုက်ပွဲတွေဖြစ်နေပါတယ်။ အစိုးရဝန်ထမ်းတွေဟာ လားရှိုး မန္တလေးမြို့အထိ ပြန်လာနေကြသူတွေရှိသလို တရုတ်ပြည်ဖက်ကို တိမ်းရှောင်နေကြတဲ့ ဒေသခံတွေလည်းရှိတယ်လို့ သိရပါတယ်။
2015-02-15
ပညာရေးဥပဒေ ပြင်ဆင်ဖို့အတွက် မနေ့က ပြုလုပ် ခဲ့တဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကျောင်း သားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2015-02-14
ကိုးကန့်ဒေသတိုက်ပွဲနဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက် သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-02-14
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တဝိုက်မှာ အစိုးရ တပ်မတော်နဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) တို့ တိုက်ပွဲတွေ ဒီရက်ပိုင်းတွေအတွင်း ပြန်လည်ဖြစ် ပွားနေပါတယ်။
2015-02-14
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ကျောင်းသားတွေရန်ကုန်တိုင်းထဲကို မဝင်နိုင်အောင် ဥပဒေနဲ့အညီဆောင်ရွက် သွားမယ်လို့အစိုးရက မနေ့ညကကြေညာချက် ထုတ်လိုက်ပါတဲ့ကိစ္စ အပါအဝင်၊ အစိုးရက ကျောင်းသားတွေရဲ့တောင်းဆိုချက် ကို လိုက်လျောလိုက်ပေမယ့် ကျောင်းသားတွေဘက်က သပိတ်မရပ်တဲ့အပေါ်ဝေဖန်နေကြ တဲ့ကိစ္စနဲ့ပတ်သက်လို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုကော်မတီဝင်တဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော် သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။
2015-02-14
မွန်ပြည်နယ် ကျိုက်ထိုကနေရန်ကုန်ဘက်ကိုဦးတည် လာတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ပဲခူးမြို့က သပိတ်မှောက်ကျောင်းသားတွေပူးပေါင်းပြီး မနေ့ညက ပဲခူးမြို့မှာလှည့်လည်ဟော ပြောခဲ့သလို ပြည်သူလူထုကလဲ မြို့လုံးကျွတ် နီးပါးကြိုဆိုခဲ့ကြပါတယ်။
2015-02-12
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်မွေးနေ့ပွဲ ကျင်းပနေတဲ့ နတ်မောက်မြို့ကို ရွှေပါရမီတောရ ဆရာတော် ကြွရောက်နေပါတယ်။ ဆရာတော်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်အပေါ်ထားရှိတဲ့ သဘောထားနဲ့ စိတ်ဓါတ်အကြောင်း လျှောက်ထားခဲ့ပါတယ်။
2015-02-11
တနသာၤရီတိုင်းဒေသကြီး ကံပေါက်ဒေသမှာရှိတဲ့ သဘာဝဓာတ်ငွေ့တူးဖော်နေတဲ့ Total ကုမ္ပဏီက အလုပ်သမား ၁၀၀ ကျော်ကို တာဝန်ကနေရပ်စဲ လိုက်တာကြောင့် အလုပ်ထုတ်နစ်နာကြေးတွေပေးဖို့ အလုပ်သမား ၁၀၀ ကျော်က ကံပေါက်မြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
2015-02-11
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နဲ့ မော်ထိုက်မြို့အကြားမှာ အစိုးရစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖဲ့ွ MNDAA တို့ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။
2015-02-11
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်ဒေသမှာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေရာမှာ လက်ရှိအခြေအနေအရ တပ်မတော်ဖက်က ထိန်းထားနိုင်တဲ့အခြေအနေရှိနေပြီလို့ နိုင်ငံတော် သမ္မတရုံးက ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောပါတယ်။
2015-02-10
၁၉၅၈ ခုနှစ် ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရမတက် ခင် အစိုးရကိုယ်တိုင် စရိတ်အကုန်အကျခံပြီး ဒီမို ကရေစီ ပညာရေးနှီးနှော ဖလှယ်ပွဲ ကျင်းပပေး ပါတယ်။
2015-02-09
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒါရိုက်တာအဖြစ် ဦးဆောင်ဖျော်ဖြေမယ့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြိုဂုဏ်ပြု တဲ့ အော်ပရာပြဇာတ်ကို ဒီနေ့ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပဖို့ခွင့်ပြုချက် ရထားပေမယ့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျင်းပခွင့်မပြုတော့ပဲ ငြင်းပယ်လိုက်ပါတယ်။
2015-02-09
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ဝင်တွေဖြစ်တဲ့ ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ ပညာရေး ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NEER တို့ဟာ အမျိုးသားပညာရေး ဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနနဲ့ ဒီနေ့ ညှိနှိုင်းဆွေးနွေးပါမယ်။
2015-02-08
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့က မနေ့က ရန်ကုန်မြို့ ဆော်လမွန်တာဝါ မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-02-07
အမျိူးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ အစိုးရ ဘက်က ဖြေရှင်းလိုစိတ်နဲ့အတူ တဖက်ကလည်း သတိပေးခြိမ်းခြောက်လာတာတွေ့ရတာမို့ ပညာရေး ဥပဒေပြုပြင်ပြောင်းလဲရေးအတွက် လှုပ်ရှားနေကြတဲ့ ကျောင်းသားတွေရဲ့ လုံခြုံရေးကို စိုးရိမ်တယ်လို့ NNER အဖွ့ဲခေါင်းဆောင် ဒေါက်တာ သိန်းလွင်က သုံးသပ်ပြောဆိုပါတယ်။