သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-31
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ နိုင်ငံသားစိစစ်ရေး ကဒ်ပြား ထုတ်ပေးနေမှုတွေကို စောင့်ကြည့် ဖို့ ဒေသခံ မဘသဆရာတော်တွေ၊ စည်းကမ်းထိန်း သိမ်းရေးဆရာတော်တွေနဲ့ ရပ်မိရပ်ဖတွေ့ပါဝင် တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့ ကို အခုလ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။
2016-12-31
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လကနေ အောက်တိုဘာလအထိ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃၈ မြို့နယ်က ဥပဒေရုံးတွေနဲ့ ရဲစခန်းတွေကို လေ့လာခဲ့ပြီး ကျန်ရှိနေတဲ့ မြို့နယ် ၆ မြို့နယ်ကို လာမယ့် ၂၀၁၇ ဒုတိယပတ်မှာ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ကွင်းဆင်းလေ့လာလို့ ရရှိတဲ့အချက်တွေကို လွှတ်တော်မှာ အစီရင်ခံစာ တင်ပြသွားမယ်လို့ ကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
2016-12-30
အခုလ ၂၇ ရက်နေ့ညက ဝိုင်းမော်မြို့နယ် ဇိုင်းအောင်ဒုက္ခသည်စခန်းကို လက်နက်ကြီးကျ တာကြောင့် ဝိုင်းမော်မြို့ကားလမ်းပေါ်ကို ထွက်ပြေး တိမ်းရှောက်ကြသူ ၂၀၀၀ ကျော်ထဲက တဝက်ခန့် ဟာ ဒီနေ့နေလည်မှာ ဒုက္ခသည်စခန်းက နေ အိမ်တွေဆီ ပြန်သွားကြပါတယ်။
2016-12-30
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အထက်မက်လက်ချောင် မှော်ရွာအနီးက ကျောက်စိမ်းနန်းတော် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ မနေ့ညနေပိုင်းက ပြိုကျလို့ အဲဒီမှာ တနိုင်တပိုင်ရေမဆေးကျောက် တူးဖော်ရှာဖွေနေသူတွေ ပျောက်ဆုံးနေပါတယ်။
2016-12-28
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသုံးပြုတဲ့ ရန်ပုံငွေတွေဟာ အစိုးရပိုင်မဟုတ်ဘဲ နိုင်ငံသူနိုင်ငံ သားအားလုံး ပိုင်ဆိုင်တဲ့ ငွေကြေးဖြစ်တဲ့ အတွက် ခြွေတာကြဖို့နဲ့ လိုအပ်တဲ့ နေရာတွေမှာ အကျိုးရှိရှိ စိစစ်သုံးစွဲဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ရန်ကုန်မြို့ NRPC ရုံးမှာ ဒီနေ့ ပြူလုပ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ JBC အစည်းအဝေးမှာ ပြောပါတယ်။
2016-12-28
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ဇိုင်းအောင်ဒုက္ခသည်စခန်းအနီးကို မနေ့ညက လက်နက်ကြီးတွေကျ ရောက်ခဲ့တာကြောင့် ဒုက္ခသည်စခန်းမှာနေထိုင်သူ နှစ်ထောင်ကျော်ဟာ စခန်းကိုစွန့်ခွါပြီး လက်ရှိ ဝိုင်းမော်မြို့ကို သွားတဲ့ကားလမ်းမပေါ်မှာ စုဝေးနေကြရပါတယ်။
2016-12-28
တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်အတွင်းရောင်းချနေတဲ့ တိုင်းရင်းဆေးဝါး အမှတ်တံဆိပ်တွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-12-28
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းက ဟိုတယ်ဝန်ထမ်း ၃၀၀ နီးပါးဟာ အနည်းဆုံးလုပ်ခလစာ အပြည့်အဝရရှိဖို့ နဲ့ ဧည့်သည်တွေဆီကတောင်းခံတဲ့ ဝန်ဆောင်မှုစရိတ်တွေကို အလုပ်သမားတွေဆီ အပြည့်အဝပြန် လည်ပေးချေဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-12-28
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အမှုရင်ဆိုင်နေရတဲ့ Eleven မီဒီယာဂရု CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ဟာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ ကို ပြန်လည်တောင်းပန်လိုက်ပါတယ်။
2016-12-27
ဒီကနေ့ မြန်မာ့မီဒီယာလောကဟာ အရင်ကထက် အများကြီးလွတ်လပ်မှုရှိနေပြီလို့ စာရေးဆရာစည်သူအောင်မြင့် က ပြောကြားလိုက်ပါတယ်။
2016-12-27
ရန်ကုန်မြို့တွင်းမှာ ခရီးသည်တင်ယာဉ်လိုင်းမောင်းသူတွေ နဲ့ ယာဉ်နောက်လိုက်တွေက ခရီးသည်တွေကို ရိုင်းရိုင်း စိုင်းစိုင်းပြောတာ၊ ကိုယ်ထိလက်ရောက် ကျုးလွန် တာတွေရှိရင် ခံရတဲ့ ခရီးသည်ဘက်က ကူညီပေးဖု့ိအတွက် "မိုက်ရိုင်းမော်တော်ယာဉ်နှိမ်နှင်းရေး"ဆိုတဲ့ လှုံ့ဆော်မှုတွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေပြီး ခရီးသည်တွေ အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သူတွေအပေါ် ပြန်လည်တုန့်ပြန်မယ့် အဖွဲ့ ဖွဲ့စည်းနေပါတယ်။
2016-12-27
လက်ရှိ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း ဌာန ၁၉ ခုက ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်းပေါင်း တစ်သိန်းခြောက်သောင်းကျော် ချထားပေးဖို့ အစိုးရ အဖွဲ့ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2016-12-25
မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးတို့က ကန့်သတ်ထားတဲ့ ဒေသတွေကို ကမ္ဘာ့လှည့် ခရီးသွားဧည့်သည်တွေ သွားလာဖို့ ခရီးသွား ကုမ္ပဏီတွေ ကတဆင့် ခွင့်ပြုမိန့်တင်ပြတာမျိုးတွေ ခွင့်ပြုပေးတော့မှာ မဟုတ်ကြောင်းနဲ့ လက်ရှိ သွားရောက် လည်ပတ်နေတာတွေ ရှိရင်လည်း ခရီးစဉ်ကို အမြန်ရပ်ဆိုင်းပေးဖို့ ဟိုတယ်နှင့် ခရီးသွားလားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
2016-12-25
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ လက်ခံထားတဲ့ ၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်းကားတင်သွင်းခွင့်လျှောက်ထားသူ ၁ ထောင် ကျော်ကို ကားတင်သွင်းခွင့်တွေ ထုတ်ပေးမှာ မဟုတ်တော့ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။
2016-12-25
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး ယာဉ်မောင်းနဲ့ ခရီးသည်တွေအားလုံး ထိုင်ခုံခါးပတ် ပတ်ရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက မြို့တွင်းခရီးသည်တင် ယာဉ်တွေကို ထိုင်ခုံခါးပတ် တပ်ဆင်ပေးဖို့ ဆောင်ရွက်နေပါတယ်။