သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-20
စင်ကာပူနိုင်ငံက မြန်မာနိုင်ငံသားတွေထံကို ဖုန်းတွေ၊ လူမှုကွန်ရက်တွေကနေတဆင့် ငွေကြေး လိမ်လည်တောင်းခံတာတွေ ရှိနေကြောင်းနဲ့ အွန်လိုင်းကနေ ငွေလိမ်တောင်းတာတွေ ကို ရှောင်ရှားကြဖို့ စင်ကာပူနိုင်ငံက မြန်မာသံရုံးက သတိပေးစာထုတ်ပြန်ထားပါတယ်။
2016-07-20
ယနေ့ကျရောက်တဲ့ ၆၉ နှစ်မြောက်အာဇာနည်နေ့ဟာ ၁၉၅၈ ခုနှစ် သမ္မတ ဦးဝင်းမောင် ကိုယ်တိုင် အခမ်းအနားတက်ရောက်ပြီး လွမ်းသူ့ ပန်းခွေ ချခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားနောက်ပိုင်း အထူးခြားဆုံးဖြစ်တယ်လို့ အခမ်းအနား တက်ရောက်ခဲ့သူ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့သား ဦးတင်မြင့် က ပြောပါတယ်။
2016-07-20
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ရွာသား ၇ ဦး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်နိုင်ဖို့နဲ့ တရားမျှတမှုရှိဖို့ လိုအပ်တယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့က ထောက်ပြလိုက်ပါတယ်။
2016-07-18
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ အဖွဲ့တွေက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံရာမှာ အစိုးရဘက်က ၂၁ ရာစုပင်လုံ ညီလာခံလို့ ခေါ်ဝေါ်သုံးစွဲတာနဲ့ပတ်သက်ပြီး မေးမြန်း ခဲ့ပါတယ်။
2016-07-18
မန္တလေးမြို့တော် စည်ပင်သာယာနယ်နမိတ်မှာ ပါဝင်တဲ့ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန် နဲ့ အမရပူရ စတဲ့ ၆ မြို့နယ်မှာ စည်ပင်မြေပေါ် ကျူးကျော်ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေ ကို မနေ့က စပြီး စီမံချက်နဲ့ စစ်ဆေးအရေးယူနေပါတယ်။
2016-07-17
အာဇာနည်နေ့ အမှတ်တရအဖြစ် ဗိုလ်ချုပ်အောင် ဆန်းအကြောင်း ဆောင်းပါးအမြောက်အများ ရေး သားခဲ့တဲ့ စာရေးဆရာ အယ်ဒီတာ ဦးသိန်းအေး ကို ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-17
ဒီအစီအစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္တုပ္ပတ္တိ၊ ဗိုလ်ချုပ်ရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ စရိုက်သဘာဝ၊ တွေးမြင်ခံယူပုံ စတာတွေကို တင်ပြမှာပါ။
2016-07-16
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တို့ဟာ မနက်ဖြန် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းက အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။
2016-07-16
ရန်ကုန်မြို့ပေါ်မှာရှိတဲ့ အထပ်မြင့်ကွန်ဒို အလုံး ၁၆ဝ ကျော်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြန် စစ်ဆေး မှာဖြစ်သလို လက်ရှိဆောက်လုပ်ဆဲ အထပ်မြင့်ကွန်ဒို ၁၂ လုံးကို မူလခွင့်ပြုထားတဲ့ အထပ်အရေအတွက် ထက်လျှော့ချဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
2016-07-16
ပြင်သစ်နိုင်ငံတောင်ပိုင်း Nice နိစ်မြို့မှာ ဇူလိုင် ၁၄ ရက် ညက အမျိုးသားနေ့ အခမ်းအနားကို လူရာပေါင်းများစွာ ပါဝင်ဆင်နွဲနေချိန်မှာ လူတစ်ဦးက ကုန်တင်ထရပ် ကားတစင်းနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူ ၈၄ ဦးရှိသွားပြီဖြစ်ပြီး၊ ၂၀၀ ကျော် ဒဏ်ရာရှိခဲ့ပါတယ်။
2016-07-16
နိုင်ငံတော်သမ္မတရဲ့ လက်မှတ်နဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်း လိုက်ပေမယ့် ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို ဖော်ပြထားရာမှာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီတာတွေရှိသလို ဒီလိုကော်မတီမျိုး မလိုအပ်ဘူးလို့ ရခိုင်အမျိူးသားပါတီ ANP က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက သုံးသပ်လိုက်ပါတယ်၊၊
2016-07-16
မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့ရက် စေ့မြောက်သွားပေမဲ့ နေရပ်မပြန်နိုင်သူတွေကို အလှူရှင်တွေက ဒီနေ့ ဒုတိယမြောက်နေ့အဖြစ် ၈၇ ယောက် ပြန်ပို့နိုင်ပါတယ်။
2016-07-16
ဆန္ဒပြမှု၊ ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ဖွဲ့စည်းကြောင်း အစိုးရ က ကြေညာလိုက်ပါတယ်။
2016-07-15
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက် နမ့်ခုံးရှမ်းများပရဟိတအသင်းဟာ အခမဲ့နာရေး ကူညီမှုတွေ၊ အခမဲ့ဆေးခန်းတွေဖွင့်လှစ်ပြီး လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်နေသလို ရှမ်းပြည် နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေကို လည်း ကူညီမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
2016-07-15
ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့် ပန်းရောင် ကတ်ကို ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ဇူလိုင်လ ၂၉ နေ့ အတွင်း မြန်မာအလုပ်သမားတွေ သက်တမ်းတိုးဖို့၊ သတ်မှတ်ရက်ကျော်သွားရင် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတော့မှာဖြစ်တယ် လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက သတိပေးထားပါတယ်။