သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-04
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ စက်ယန္တယား ကြီးတွေတင်သွင်းတာနဲ့ပတ်သက်ပြီး စစ်ဆေးမူတွေ ပြုလုပ်ပြီးနောက် အရေးယူမူတွေ ရှိနေတယ်လို့ သိရပါတယ်။
2016-03-04
သမ္မတ တာဝန်လွှဲပြောင်းသည့် အခမ်းအနားနဲ့ ပတ်သက်လို့ NLD ပါတီက တာဝန်ရှိသူအဖွဲ့နဲ့ညှိနှိုင်းနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့အတူ ဖားကန့်ကျောက်စိမ်းတွင်းတွေက တရားမဝင်စက်ယန္တားတွေ တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး စစ်ဆေးအရေးယူနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2016-03-04
NLD ပါတီက သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးကို အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲစစ်ဆေးမှာဖြစ်ပြီး ရရှိတဲ့အဆင့်အပေါ်မူတည်ကာ အင်္ဂလိပ်စာသင်တန်း တက်ရောက်သင်ကြားဖို့ စီစဉ်နေပါတယ်။
2016-03-03
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းလူငယ်များ ကွန်ရက်တို့နဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီ ညွတ်ရေးကော်မတီ အစည်းအဝေးကို ဒီနေ့ ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ ကျင်းပနေပါတယ်။
2016-03-02
NLD ပါတီ ကိုယ်စားလှယ်တွေကို မကျေနပ်တာတွေ ရှိရင် တိုင်ကြားနိုင်ဖို့အတွက် NLD ပါတီ ရဲ့တိုင် ကြားရေးဌာနကို စနေနေ့က စတင်ဖွင့်လှစ် လိုက်ပြီဖြစ်ပါတယ်။
2016-03-01
ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၉၀ ကျော်နဲ့ ဒီနေ့ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိခန်းမဆောင်မှာ တွေ့ဆုံရာမှာ တခြားနိုင်ငံရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စည်းစည်းလုံးလုံနေကြဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
2016-03-01
အမျိုးသားဒီမိုဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဒုတိယအကြိမ် လွှတ်တော် တက်ရောက်နေကြတဲ့ နိုင်ငံရေးပါတီအသီးသီးက တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ နေပြည်တော်က စည်ပင် ဧည့်ရိပ်သာဝင်း အတွင်းမှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။
2016-03-01
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘိန်းခင်ဖျက်ဆီးရေး ဆောင်ရွက်နေတဲ့ လူထုအခြေပြုအဖွဲ့တွေ တိုက်ခိုက်ခံရပြီး လူနေအိမ်နဲ့ ဆိုင်ကယ်တွေ မီးရှို့ဖျက်ဆီး ခံရတာမျိုး နောင်မှာမဖြစ်ပေါ်စေဖို့အတွက် တိုက်တွန်းကြောင်း အဆိုကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ က ကချင်ပြည်နယ် လွှတ်တော်မှာ ဒီနေ့ တင်သွင်းခဲ့ရာ ထောက်ခံသူများတာကြောင့် အဆိုကို ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-02-28
ညီမျှခြင်းမြန်မာ (Equality Myanmar) အဖွဲ့က ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားဆောင် ရွက်နေ တဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော် လတ်၊ မပွင့်ဖြူလတ်နဲ့ ကိုဇော်ဝင်းဗိုလ်တို့ကို တရား မဝင် နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁)နဲ့ ထောင် ဒဏ် နှစ်နှစ်ချမှတ်လိုက်တဲ့ ကိစ္စအပါအဝင် ဘာသာ ရေးနဲ့ပတ်သက်နေတဲ့ ကိစ္စသုံးခုကို အခြေခံပြီး လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် အခြေအနေ သုံးသပ်ချက် အစီရင်ခံစာကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2016-02-28
ကချင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်၂ဝ၁၄-၂ဝ၁၅ နဲ့ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်ဘီလျံ ၄ဝ ကျော် သုံးစွဲထားတယ်လို့ ကချင်ပြည်နယ်လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးက ပြောပါတယ်။
2016-02-28
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်း ဖျက်ဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ပတ်ဂျာ ဆန် (Pat Jasan) လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဝင်တွေအနေနဲ့ လုပ်ငန်းတွေ ကို ခေတ္တရပ်နားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-02-27
ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ဒီမိုကရက် တစ်ပါတီနဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ အစရှိတဲ့ ကရင်ပါတီ ၅ ခု က ခေါင်းဆောင်တွေဟာ ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းဖို့ အတွက် ဒီနေ့ကရင် ပြည်နယ်၊ ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-02-27
ဒီရက်ပိုင်းအတွင်း အစိုးရကို ပြည်သူ့လွှတ်တော် လာရောက်ရှင်းလင်းပြောကြားဖို့ တောင်းဆိုခဲ့တာ ဟာ ပြည်သူ့အကျိုးစီးပွားအတွက် လိုအပ်ချက် အရ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ မန္တလေးတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် က ပြောကြားလိုက် ပါတယ်။
2016-02-26
ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အစိုးရရဲ့ စီမံကိန်းတွေ နဲ့ပတ်သက်ပြီး အရေးကြီးအဆို တင်သွင်းထားတဲ့ အပေါ် အစိုးရဝန်ကြီးဌာနတွေက လွှတ်တော်မှာ လာရောက်ဖြေရှင်းမှုမရှိတာနဲ့ ပတ်သက်ပြီး ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။
2016-02-26
ပြည်သူ့လွှတ်တော်မှာ နိုင်ငံပိုင် စီမံကိန်းတွေ မြေနေရာတွေနဲ့ ပတ်သက်ပြီး အရေးကြီးအဆို တင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုနဲ့ပတ်သက်ပြီး အစိုးရဝန်ကြီးဌာနတွေက လွှတ်တော်မှာ ရှင်းလင်းဖို့ မတက်ရောက်ခဲ့ပါဘူး။