သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-26
ဒုတိယအကြိမ်လွှတ်တော်ထဲက ဆွေးနွေးချက်တွေနဲ့ မေးခွန်းတွေကို လက်ရှိတည်ဆဲ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က လာရောက်မဖြေရှင်းတာဟာ တာဝန်ယူမှုနဲ့ တာဝန်ခံမှုတွေ အားနည်းပျက်ကွက်တာဖြစ်တယ်လို့ ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဟောင်း သူရဦးအောင်ကိုက သုံးသပ်လိုက်ပါတယ်။
2016-02-26
ရန်ကုန်မြို့မှာ တပ်ဆင်မယ့် ဗဟိုထိမ်းချုပ်ရေးစနစ်နဲ့ တင်ဒါနဲ့ပတ်သက်ပြီး ရွေးချယ်လိုက်တဲ့ ကုမ္ပဏီဟာ စည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ တင်တာတင်သွင်းတဲ့ ကုမ္ပဏီ ၄ ခုက ကန့်ကွက်ထားပါတယ်။
2016-02-26
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီ ဒေသတဝိုက်မှာရှိတဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးတဲ့ Pat Jasan ပတ်ဂျာဆန် ကချင်လူထု အခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခွဲတွေ ဟာ နှစ်ကြိမ်လောက် တိုက်ခိုက်ခံရပြီး အကူအညီပေးဖို့ သွားတဲ့ယာဉ်တန်းလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2016-02-26
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေရဲ့ လူနေမှုဘ၀ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေပေးဖို့ ပြည်နယ်အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ဒီနေ့ ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2016-02-26
လက်ရှိ အစိုးရလုပ်ဆောင်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သိရှိလိုတယ်ဆိုရင် ဝန်ကြီးဌာနတွေကို တိုက်ရိုက်မေးမြန်းနိုင်သလို လွှတ်တော်မှာ ခေါ်ယူမေးမြန်းနိုင်ပေမယ့် ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အစိုးရစီမံကိန်းတွေနဲ့ ပတ်သက်ပြီး အရေးကြီးအဆိုတင်သွင်းတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2016-02-25
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပင်လယ်ဖြတ် ရွှေ့ပြောင်းကြသူတွေထဲက လေးရာနီးပါး သေဆုံးခဲ့ကြပါတယ်။
2016-02-25
၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့က မနီလာသိန်းကို ပုဒ်မ (၁၈) နဲ့ ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2016-02-25
ကချင်ပြည်နယ်က ဘိန်းစိုက်ခင်းတွေအခြေအနေနဲ့ ဘိန်းစိုက်ခင်းတွေဖျက်စီးဖို့လာတဲ့ ဒေသခံတွေ ဒီကနေ့ တိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်ပြီး ဒီဘိန်းကိစ္စ လွှတ်တော်မှာအရေးကြီးအဆိုတင်သွင်းခဲ့သူ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( NLD) ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-02-25
သမ္မတဦးသိန်းစိန်ဟာ မတ်လကုန်ထဲ သမ္မတလုပ်ငန်းတာဝန်တွေ လွဲပြောင်းပြီးတဲ့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ ဥက္ကဌအဖြစ် ပါတီလုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က RFA ကိုပြောပါတယ်။
2016-02-24
အယ်နီညိုရာသီဥတု ပြင်းထန်မှုကြောင့် ဒီလကစပြီး လာမယ့် ဧပြီလအထိ တစ်နိုင်ငံလုံးအနှံ့ အပူချိန်မြင့် မားနိုင်တဲ့အတွက် ကျေးရွာပေါင်း ၁၇ဝဝ ကျော် မှာ ရေရှားပါးမှုနဲ့ ကြုံတေ့ွရနိုင်တယ်လို့ ကျေး လက်ဒေသဖံ့ွဖြိုးတိုးတက်ရေးဦးစီးဌာနက ပြော ပါတယ်။
2016-02-24
ကချင်ပြည်နယ် တရုတ် မြန်မာနယ်စပ်အနီးက ဆဒုံး၊ ကန်ပိုက်တီးနယ်မြေတွေက ဘိန်းစိုက်ခင်းတွေကို လူအင်အား ၂ ထောင်ကျော်ပါဝင်တဲ့ လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့တွေက အဖွဲ့ ၃ ဖွဲွ့ခွဲပြီး ဒီနေ့ စတင်ထွက်ခွာသွားပြီဖြစ်ပါတယ်။
2016-02-24
ရေရှားပါးမှုတွေ အပူချိန်လွန်ကဲမှုတွေ မီးလောင်မှုတွေ လက်ရှိကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ အယ်နီညိုရာသီဥတုဒဏ်ကြောင့် လာမယ့်လတွေအတွင်း ပိုပြီးပြင်းထန်တဲ့ ထိခိုက်မှုတွေရှိလာနိုင်တဲ့အတွက် အထူးသတိထားကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောပါတယ်။
2016-02-24
ဒီနှစ်ဟာ အယ်လ်နီညိုနှစ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ မှာလည်း ရာသီဥတုအပြောင်းအလဲဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။
2016-02-24
မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ MPU ကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ အမျိုးသားလွှတ်တော်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုက လွှတ်တော်ဥက္ကဌတွေ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-02-24
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလ မတိုင်ခင်ကစပြီး ရွေးကောက်ပွဲလွန်ကာလ နိုင်ငံတော်သမ္မတ အမည်စာရင်း ကြေညာတဲ့အချိန်အထိ စီမံချက်ကာလအနေနဲ့ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။