သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-23
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့အညီ ပြုလုပ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောလိုက်တဲ့ကိစ္စနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်စစ်စစ်ကို မရောက်သေးသလို၊ ပြသနာတွေကိုငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာမှရနိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ပြောပါတယ်။
2016-02-23
မြန်မာနိုင်ငံအတွင်း ဘာသာရေးဆိုင်ရာ အယူအဆလွဲမှားမှုနဲ့ သဘောထားတင်းမာမှုတွေ တနေ့တခြားတိုးပါွးလာနေပြီး မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ ရန်ပြုမှုတွေကို မြန်မာအစိုးရအနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ဖဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
2016-02-22
မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက် အချိန်ယူကြိုးစားရမှာဖြစ်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ပဲ ငြိမ်းချမ်းရေး မရနိုင်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အထွေထွေ အတွင်းရေး မှုး ခူးဦးရယ်က ပြောပါတယ်။
2016-02-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းဒေသကြီး/ ပြည်နယ် ၁၂ ခုက လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ပြည်ထောင်စု လွှတ်တော် ဝင်းအတွင်းက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော် မတီရုံးခန်းမှာ တွေ့ဆုံပြီး ဥပဒေတွေကို ကျေညက်အောင်လေ့လာကြဖို့ တိုက်တွန်း လိုက်ပါတယ်။
2016-02-22
မကွေးတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ၈ တန်း နဲ့ ၄ တန်း ကျောင်းသား ကျောင်းသူတွေ အစိုးရစစ်စာမေးပွဲဖြေဆိုရာမှာ မေးခွန်းပေါက်ကြားမှုတွေ ဖြစ်ပေါ်ခဲ့တာပတ်သက်ပြီး ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးဖို့အတွက် လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော်မှာ အဆိုတင်သွင်းသွားမယ်လို့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။
2016-02-21
ဖေဖော်ဝါရီလ ၆ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေ မြို့မှာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်မှုဆောင် ကော်မတီအစည်းဝေးရဲ့ ဆုံးဖြတ်ချက်အရ ANP အနေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ်အဖြစ်ကနေ ဖြတ်တောက်ဖို့ ဆုံးဖြတ် လိုက်တဲ့အပေါ် ပါတီဗဟိုအလုပ်မှုဆောင် ကော်မတီ ဝင်တွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေ ပါတယ်။
2016-02-21
နောက်တက်လာမယ့် အစိုးရသစ်မှာ မီဒီယာများနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ မူဝါဒတွေချမှတ်နိုင်ဖို့် ဆွေးနွေးပွဲကို ရန်ကုန်မြို့( NOVOTAIL ) နိုဗိုတယ်ဟိုတယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
2016-02-21
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ဟံသာဝတီဦးဝင်းတင် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့ကျောက်မဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လိုက်လံဆေးကုသပေးနေပါတယ်။
2016-02-21
ကချင်ပြည်နယ်၊ ကန်ပိုက်တီးဒေသက ဘိန်းခင်းတွေသွားရောက်ဖျတ်ဆီးမယ့် လူထုအခြေပြုမူးယစ် တိုက်ဖျတ်ရေးအဖွဲ့ကို နယ်မြေခံအစိုးရတပ်မတော်က ဝိုင်းမော်မြို့အနီး ဆဒုံးနဲ့ ချီဖွေလမ်းဆုံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကတည်းက တားမြစ်ထားပါတယ်။
2016-02-20
NLD အစိုးရသစ်တက်လာပြီး သီတင်းပတ်အနည်းငယ်အကြာ မေလထဲမှာ မုံရွာ လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး လုပ်ငန်းတွေကို ပြန်လည်စတင်တော့မယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ပြောဆိုလိုက်ပါတယ်။
2016-02-20
NLD အစိုးရသစ်တက်လာပြီးတဲ့နောက် မေလအတွင်းမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းတွေကို စတင်မယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီဘက်ကပြောမယ့် NLD ပါတီနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့အကြား လတ်တလောမှာ ဒီစီမံကိန်းကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောဆိုတာမရှိသေးဘူးလို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက RFA ပြောပါတယ်။
2016-02-20
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ ဒေသခံ တဝက်လောက်ဟာ အသိမ်းခံမြေယာများ နဲ့ပတ်သက်ပြီး မြေယာလျော်ကြေးတွေမရသလို ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ရေးရေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ဒေသခံတွေက ပြောပါတယ်။
2016-02-20
မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ဆိုးကျိုးတွေ၊ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါးအမျိုးအစားတွေနဲ့ ဘယ်အသက်အရွယ်တွေမှာ အသုံးများတယ်ဆိုတာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေး ဗဟိုအဖွဲ့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စစ်တမ်းကောက်ယူမှာဖြစ်ပါတယ်။
2016-02-18
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နဲ့ ဆဒုံးမြို့နယ်ခွဲ အကြားမှာ ရောက်ရှိနေတဲ့ ကချင်လူထုအခြေပြု ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့ကို တပ်မတော်နဲ့ ပြည် နယ်ရဲတပ်ဖွဲ့က တားမြစ်ထားတယ်လို့ သိရပါတယ်။
2016-02-18
ကချင်ပြည်နယ်မှာ အစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံဘက် မှောင်ခိုတင်ပို့တဲ့ တရားမဝင် သစ်မျိုးစုံ တန်ချိန် နှစ်သောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။