သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-03
မြန်မာနိုင်ငံအလယ်ပိုင်း ရေဘေးနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ မန္တလေးမြို့ခံတစ်ဦးဖြစ်သူ စာရေးဆရာ ညိုထွန်းလူကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-08-03
ဧရာဝတီမြစ်ရိုးတလျှောက် ရေကြီးနေတဲ့ဒေသခံပြည်သူတွေကို အစိုးရက ရေဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေပြီး အရေးပေါ်လိုအပ်မယ့် စားနပ်ရိက္ခာနဲ့အသုံးအဆောင်တချို့ကို ကူညီနေပါတယ်။ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေရဲ့ ပူးပေါင်းကူညီမှုကို ကြိုဆိုကြောင်းနဲ့ ပြည်သူတွေ အရေးပေါ် ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းလိုင်း ၂ လိုင်းကိုလည်း၂၄ နာရီဖွင့်ထားကြောင်း သက်ဆိုင်ရာကပြောပါတယ်။ ဆက်သွယ်ရမယ့် နံပါတ်တွေကတော့ ဝ၆၇-၄ဝ၄-၆၆၆ နဲ့ ဝ၆၇-၄ဝ၄-၇၇၇ တို့ဖြစ်ပါတယ်။
2016-08-02
ဧရာဝတီမြစ်ရေတက်လာတာကြောင့် မန္တလေးမြို့က တောင်သမန်အင်းအပါအဝင် အနီးအနားက မြို့တွေမှာ ရေ ကြီးရေလျှံနေပြီး ဒေသခံတွေ ရေဘေးလွတ် ရာကို ရွှေ့ပြောင်းနေကြရပါတယ်။
2016-08-02
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စည်းဝေးပွဲ အပါအဝင် ပြီးခဲ့တဲ့ရက်က ဝနဲ့ မိုင်းလားအဖွဲ့တို့ ငြိမ်းချမ်းရေးကော်မရှင် နဲ့ တွေ့ဆုံခဲ့တာတွေနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ SNDP လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-08-02
မန္တလေးတိုင်း ညောင်ဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံ မှုတွေကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေ ရတဲ့ ဒေသခံ နှစ်သောင်းကျော်အတွက် ဆန်တွေ ဝေဖို့ အစိုးရအဖွဲ့က ပြင်ဆင်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။