သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-19
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်မှာ လူဦးရေ ၅ သောင်းကျော်က သောက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရပြီး အကူအညီတွေလိုအပ်နေပါတယ်။
2016-04-18
ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ သူတွေထဲမှာ အီလက်ထရောနစ် အက်ဥပဒေ အပါအဝင် ပုဒ်မ ၈ ခုနဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရသူ တပ်မတော်လေတပ်က ဗိုလ်ကြီး နေလင်းဒွေး လည်းပါဝင်ပါတယ်။
2016-04-18
စစ်ကိုင်းတိုင်းရွေဘိုခရိုင် ကန့်ဘလူမြို့နယ်က လယ်သမားတွေ တရားစွဲဆိုခံထားရတဲ့ အမှုတွေကို တရားလိုလုပ်တဲ့ တပ်ကပြန်ရုပ်သိမ်းသွားတဲ့ အကြောင်းနဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြ ဌာန်းခဲ့တဲ့ လယ်ယာမြေနဲ့ တောင်သူလယ်သမား ဆိုင်ရာဥပဒေ အားနည်းချက်တွေအကြောင်း မြေ ယာမှုခင်းတွေမှာ လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
2016-04-18
မကွေးတိုင်းဒေသကြီး ပေါက်မြို့မှာရှိတဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံအကြောင်း ဖော်ပြခဲ့ တာကြောင့် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံထားရတဲ့ ယူနတီသတင်း ဂျာနယ်က အမှုဆောင်အရာရှိချုပ် ကိုတင့်ဆန်းနဲ့ သတင်းသမား ၄ ဦးဟာ ထောင်ဒဏ် ၂ နှစ်နီးပါးကျခံအပြီးမှာ ဒီနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် နဲ့ လွတ်မြောက်လာပါတယ်။
2016-04-18
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့ မုံရွာအကျဉ်းထောင်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးလည်း ပါဝင်ပါတယ်။
2016-04-17
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လူထုတောင်းဆိုထားတဲ့ လျှပ်စစ်မီးနဲ့ လမ်းပမ်းဆက် သွယ်ရေး၊ မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ တရား မဝင်ကုန်သွယ်မှုတွေ လျော့ပါးရေးတို့ကို အဓိက ဦးစားပေးကိုင်တွယ်သွားမှာဖြစ်ပြီး၊ ဌာနဆိုင် ရာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရရှိတယ် လို့ ပြောပါတယ်။
2016-04-17
ဂျပန်နိုင်ငံ ကျူရှူးကျွန်းက ကူမာမိုတိုခရိုင် မှာ ပြင်းအားကြီး ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေ ပြီး နောက်ထပ် လှုပ်ခတ်နိုင်တာကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို အကူ အညီ ပေးနိုင်ဖို့အတွက် အရေးပေါ်အဖွဲ့ ဖွဲ့စည်းထား တယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
2016-04-16
သြင်္ကန်အကြိုနေ့ကနေ သြင်္ကန်ပထမအကြတ်နေ့ မနေ့ကအထိ ယာဉ်မတော် တဆဖြစ်မှု၊ ခိုက်ရန်ဖြစ် ပွား မှုတွေကြောင့် ရန်ကုန်ဆေးရုံကြီးကို လူနာ ၅၀၀ နီးပါးရောက်ရှိလာကြတယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး က ပြောပါတယ်။
2016-04-16
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများသမဂ္ဂအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းဟာ ဥရောပတိုက် သြစတြီးယားနိုင်ငံ ဗီယင်နာတက္ကသိုလ်က ဖွံ့ဖြိုးတိုးတက်ရေး လေ့လာမှုဌာနမှာ ဧည့်ပါမောက္ခအဖြစ် သင်တန်းပို့ချနေ ပါတယ်။
2016-04-15
မနေ့ကညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းမှာ ပြင်းအား ၆.၈ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့ရာမှာ စေတီပုထိုးတွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
2016-04-15
ရန်ကုန်မြို့အတွင်း သြင်္ကန်မဏ္ဍပ်ကြီးတွေ အများဆုံးနဲ့ ရေကစားနေကြတဲ့ ပြည်လမ်းမပေါ်မှာ အမှုအခင်းတွေ မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက အထူးကြပ်မတ်ဆောင်ရွက်နေပါတယ်။
2016-04-15
ခေတ်ရေစီးအလျောက်ပြောင်းလဲလာတဲ့ မြန်မာ့ရိုးရာအတာသြင်္ကန်ပွဲတော်အပေါ် အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ဝါရင့်နိုင်ငံကျော်အဆိုတော်ကြီး ဒေါ်မာမာအေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-04-15
အစိုးရသစ်တက်လာပြီးနောက် ကျင်းပတဲ့ မန္တလေးမြို့ရဲ့ ဒီနှစ် မြန်မာ့ရိုးရာအတာသြင်္ကန်ပွဲတော်မှာ ဘယ်လိုအပြောင်းအလဲတွေ ရှိနေပါလဲ။ လွတ်လွတ်လပ်လပ်ခွင့်ပြုထားတဲ့ သြင်္ကန်သံချပ်တွေကရော ဘာတွေထူးခြားမှုရှိပါလဲ မန္တလေးမြို့က စာရေးဆရာဆူးငှက်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-04-14
မင်္ဂလာဒုံမြို့နယ်က မိုးကောင်းပရိယတ္တိ စာသင်တိုက် မှာ ဆောက်လုပ်နေတဲ့ ကျောင်းဆောင်သစ် ကို ဇေကမ္ဘာကုမ္ပဏီ အလုပ်သမားဝတ်စုံနဲ့ လူတစု မနေ့ကညပိုင်းမှာ လာရောက်ဖျက်စီးသွားပါတယ်။
2016-04-14
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအုပ်စု လဂူးချောင်ကျေးရွာမှာ ကျောက်မျက်ကုမ္ပဏီတွေရဲ့ ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုကြောင့် မြေသားတွေ အက်ကွဲပြီး နေအိမ်ပြိုကျ ပျက်စီးတာတွေ ယိုင်နဲ့တာတွေ ရှိလာတာကို ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ဒေသခံတွေနဲ့ ကုမ္ပဏီတွေအကြား ညှိနှိုင်းမှု ပြေလည်သွားပါတယ်။