သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-15
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မုံးလျံကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ဝ ရက်နေ့က ဘိန်းချက်စခန်းလို့ယူဆရတဲ့ တဲအတွင်းကနေ ကျပ်သိန်းပေါင်းလေးထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုနိုင်မယ့် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
2016-07-14
NLD ပါတီဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံကိန်းအတွင်း အရပ်ဘက် လူမှုအဖွဲ့စည်းတွေ အားကောင်းလာအောင် ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ မူဝါဒတွေ အတိအကျ မသိခဲ့ရဘူးလို့ Equality Myanmar အဖွဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်လိုက်ပါတယ်။ ဦးအောင်မျိုးမင်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-07-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ ရက် ၁ဝဝ ကာလအတွင်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ တိုးတက်မှုတွေ မရှိခဲ့ဘူးလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ လက်ရှိ အမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက သုံးသပ်ပြောဆိုပါတယ်။
2016-07-14
မလေးရှားနိုင်ငံက လူဝင်မှုထိန်းသိမ်းရေးစခန်းတွေမှာ နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ နောက်ထပ် မြန်မာအလုပ်သမား ၃ဝဝ ကျော်ခန့် ရှိနေသေးတယ်လို့ ကွာလယ်လာမ်ပူမြို့အခြေစိုက် ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်း က ပြောပါတယ်။
2016-07-14
မြန်မာနိုင်ငံမှာ ပုလဲသွယ်စပ်မျိုးစပါးတွေစိုက်ပျိုးတာ ရပ်နားထားဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ညွှန်ကြားထားပါတယ်။
2016-07-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်းနားကို မိသားစုဝင်တစ်ဦးအနေနဲ့သာ တက်ရောက်မှာဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ က RFA ကို ဒီကနေ့ ပြောပါတယ်။
2016-07-14
မြန်မာတစ်ယောက်ဟာ ကမ္ဘာရဲ့ဘယ်နေရာကိုပဲရောက်ရောက် ကိုယ်မြန်မာဖြစ်ကြောင်း ဂုဏ်သရေရှိရှိ ဖော်ပြတော့မယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုအနုပညာဆိုတာ လိုကိုလိုအပ်တယ်လို့ ဇာတ်မင်းသား၊ ကဗျာဆရာ မန္တလေးသိန်းဇော်က ပြောပါတယ်။
2016-07-14
ဇူလိုင်လ ၁၁ ရက်ကနေ ၁၂ ရက်အထိ ထားဝယ်မြို့မှာ ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံတစ်ခုကျင်းပခဲ့ပြီး ဗုဒ္ဓဘာသာနိုင်ငံအချင်းချင်း ဘာသာရေးနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ကြမလဲ ဆိုတာတွေ ဆွေးနွေးခဲ့တယ်လို့ ညီလာခံကို တက်ရောက်ခဲ့တဲ့ ထားဝယ်မြို့ မြို့မယဉ်ငေး သာသနာ့ရိပ်သာ ကျောင်းတိုက်က သံဃာတစ်ပါးဖြစ်တဲ့ ဦးဝိမလက မိန့်ကြားပါတယ်။
2016-07-14
မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ အတွင်း သတင်းမီဒီယာလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တိုးတက်မှုတွေ မတွေ့ခဲ့ရဘူးလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ အတွင်းရေးမှူး (၂) ဦးကျော်စွာမင်းက သုံးသပ်လိုက်ပါတယ်။
2016-07-13
ခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ တရုတ်ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို ကွင်းဆင်းစစ်ဆေးတဲ့အဖွဲ့ဟာ ကံမြင့်ကန်ကျေးရွာကို သွားရောက်ခဲ့ပေမယ့် အဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ် CNPC ကုမ္ပဏီနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းစု MOGE ကိုယ်စားလှယ်တွေက စစ်ဆေးမှုမှာ မပါဝင်နိုင်ကြောင်း ငြင်းဆန်ခဲ့ကြပါတယ်။
2016-07-13
မြန်မာနိုင်ငံမှာ NLD ဒီမိုကရေစီ အရပ်သား အစိုးရသစ်လက်ထက် လူနည်းစုတွေအပေါ် အကာကွယ်ပေးနိုင်မှုနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နု ကို RFA အဖွဲ့သား ကိုရဲစည်သူကာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-07-12
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းပစ်ခတ်မှုတွေကြောင့် ရွာပေါင်း ၆ ရွာက ရွာသား ၂၀၀ နီးပါး နမ္မတူမြို့ပေါ်က ရွှေမြင်သာကျောင်းတိုက်ကို ပြီးခဲ့တဲ့ ရက်က ထွက်ပြေး ပုန်းရှောင် လာကြတယ်လို့ သိရပါတယ်။
2016-07-12
မလေးရှားနိုင်ငံ ပီနန်းမြို့က မြန်မာအလုပ်သမား ၃ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ အခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းက ဥက္ကဌ ကိုဆန်းဝင်း ကို RFA အဖွဲ့သား ကိုရဲစည်သူကာ က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-12
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာမှာ တအာင်းတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တပ်တွေ ဒီနေ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
2016-07-12
ထိုင်းနိုင်ငံတောင်ပိုင်း ပါသနီမြို့က ထနောင်စပ် ငါးဖမ်းလှေဆိပ်မှာ အင်ဒိုနီးရှားငါးဖမ်းလှေပေါ် ရောင်းစားခံ ထားရတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နဲ့ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD တို့ ပူးပေါင်းပြီး မနေ့က ကယ်တင် နိုင်ခဲ့ပါတယ်။