သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-06
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့အထိ ရခိုင်အမျိုးသားပါတီက တောင်းဆိုထားတဲ့ အကြောင်း ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့ ဒီနေ့ ညနေက တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန် က ပြောပါတယ်။
2016-09-06
အခုအချိန်မှာ ငလျင်ကြောင့်ထိခိုက်မှုရှိခဲ့တဲ့ ပုဂံစေတီပုထိုးပေါင်း ၄၀၀ နီးပါး ပြန်လည်ပြုပြင်မယ့်ပုံစံကို တိတိ ကျကျပြောလို့မရသေးပေမယ့် နိုင်ငံတော် အဆင့်ဆွေးနွေးပွဲတွေ ယူနက်စကို၊ ပြည်တွင်းပညာရှင်တွေ အပြင်ပုဂံဒေသ ခံတွေနဲ့ပါတွေ့ဆုံဆွေးနွေးပွဲလုပ်ပြီး အဖြေရှာသွားမယ်လို့ ယူနက်စကို ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောလိုက်ပါတယ်။
2016-09-04
၂၁ ရာစု ပင်လုံညီလာခံကို ရက္ခိုင့်တပ်မတော် AA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ တအောင်း (ပလောင်)လွတ်မြောက်ရေးတပ်မတော် TNLA တို့ တက်ရောက်ခြင်းမရှိခဲ့ပါဘူး။
2016-09-04
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စုမှာရှိတဲ့ ဂရိတ်ဝေါလ် သကြားစက်ရုံက ထွက်ရှိတဲ့ ရေဆိုးတွေကို ဧရာဝတီမြစ်ထဲ တိုက်ရိုက်စွန့်ပစ်နေတဲ့အတွက် နောက်ထပ် မစွန့်ပစ်ဖို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စက်ရုံတာဝန်ရှိသူတွေကို သတိပေးလိုက်ပါတယ်။
2016-09-04
ဒုတိယအကြိမ် ထပ်မံကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံနဲ့ နိုင်ငံအနှံ့မှာ ပြုလုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်ရောက်နိုင်ဖို့ UWSA ဝ အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးဖို့ လိုမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2016-09-03
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေး ပွဲတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ ဖြစ်ပေါ်လာ မှာဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက အငြိမ်းစား ဒုတိယဗိုလ်ချုပ် ကြီး မြင့်စိုးက ပြောပါတယ်။
2016-09-03
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာက ကြီးမားပြီး ပြည်သူလူထုအတွက် ပေးဆပ်သွားမယ်ဆိုတဲ့ အဓိဌာန်မျိုးရှိတယ်လို့ မြင်ကြောင်း ဝန်ကြီးဟောင်း ဦးအောင်ကြည်က ပြောပါတယ်။
2016-09-03
ဧရာဝတီတိုင်းအစိုးရက စက်တင်ဘာလ ၁ ရက်နေ့ ကစပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးအရေးယူ မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် လူမှုရေးအဖွဲ့တွေ အသုံးပြုနေတဲ့ လိုင်စင်မဲ့ ယာဉ်တွေကို ဆက်လက်အသုံးပြုသွားမယ်လို့ လူမှုရေးအသင်းအဖွဲ့ ၅ဝ ကျော်က ကြေညာချက် ထုတ်လိုက်ပါတယ်။
2016-09-02
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ လာမယ့် သီတင်းပတ်ထဲမှာ ရခိုင်ပြည်နယ်ကို နှစ် ရက်ကြာခရီး ရောက်ရှိမှာဖြစ်ပါတယ်။
2016-09-02
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ်က ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင် ရွက် နေတဲ့ NGO တွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြပြီး ထိုင်းအစိုးရအနေနဲ့ အလုပ်သမားဥပဒေ ကို ပြင်ဆင်ဖို့ဆောင်ရွက်သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။
2016-09-02
စင်္ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ် ကူးစက်ခံနေရတဲ့ နိုင်ငံခြားသားအလုပ်သမား ၅ဝ ကျော်ထဲမှာ မြန်မာနိုင်ငံသား အလုပ်သမားတဦးလည်း ပါဝင်နေပါတယ်။ စင်္ကာပူနိုင်ငံကို ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ မိခင်လောင်းတွေ မလာရောက်ဖို့ စင်္ကာနိုင်ငံ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-09-01
ကချင် ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်စည်းရုံးလို့ မရအောင် ပြုလုပ်ခဲ့တာကြောင့် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်လိုက်ပါတယ်။
2016-09-01
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်မှာ သြဂုတ်လ နောက်ဆုံးပတ်လောက်က ချင်းတွင်းမြစ်ရေ စီးဆင်းလာရာမှာ ရေက အမဲရောင်တွေဖြစ်နေတဲ့အတွက် ဓာတ်ခွဲစစ်ဆေးရာမှာ ခဲဓာတ်တွေ အများအပြားပါဝင်နေတာကြောင့် သောက်သုံးရန်မသင့်ကြောင်း တွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဝန်ြကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေး က ပြောပါတယ်။
2016-09-01
ကုလသမဂ္ဂအထွေထွေအတွင်းရေမှူးချုပ် မစ္စတာဘန်ကီမွန်းက ဘာသာမတူသူတွေအကြား အမုန်းစကားတွေ၊ ခွဲခြားဆက်ဆံမှုတွေ လျှော့ နည်းအောင် ဘာသာရေးခေါင်းဆောင်တွေက ကြိုးစားကြဖို့ ဘာသာရေးခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။