သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-31
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်က ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းမှာ လာရောက် ခှိုလှုံနေရတဲ့ ဒုက္ခသည်တွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို စစ်တမ်းကောက်ယူပြီး ဖေဖော်ဝါရီလမှာ ကျင်းပ မယ့် ပြည်သူ့လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။
2016-01-31
ရန်ကုန်မြို့မှာ ဇန်နဝါရီလပိုင်းအတွင်းက နိုင်ငံတော်အစိုးရပိုင်နဲ့ ကုမ္မဏီပိုင်မြေတွေပေါ်မှာ ကျူးကျော်နေထိုင်တယ် ဆိုပြီး လူနေအိမ်တွေ အဖျက်ခံရတွေကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
2016-01-31
ကချင်ပြည်နယ် ဝိုင်းမော်မြို့သာဂရ၊ သရက်တော ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်နေကြတဲ့ စစ်ဘေး ဒုက္ခသည် ၄၀၀ ကျော်ကို WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကနေ စားနပ်ရိက္ခာတွေအစား လူတစ်ဦး ကို ထောက်ပံ့ကြေးငွေ ကိုးထောင်ကျပ် ပြောင်း လဲထောက်ပံ့တဲ့အစီအစဉ်ကို အခု ဇန်နဝါရီလမှာ ပထမဆုံး အကြိမ်အဖြစ် စတင်လိုက်ပါတယ်။
2016-01-30
ရန်ကုန်မှာ အမှန်တကယ်နေထိုင်ပြီး အိုးပိုင်၊ အိမ်ပိုင်မရှိသူတွေအတွက် တစ်လ သုံးသောင်းနဲ့ ငှားရန်းနေထိုင်နိုင်တဲ့ မဟာဗန္ဓုလ အငှားအိမ်ရာလျှောက်လွှာတွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။
2016-01-30
ရခိုင်အမျိုးသားပါတီ (ANP) က ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်ကို လာမယ့် ဒုတိယအကြိမ်လွှတ်တော်မှာ အမျိုးသား လွှတ်တော်ရဲ့ ဒုတိယဥက္ကဌအဖြစ် NLD ပါတီ က ရွေးချယ်လိုက်တာနဲ့ ပတ်သက်လို့ ANP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-01-30
NLD ပါတီက လွှတ်တော်နှစ်ရပ်ကို ဦးဆောင်မယ့် ဥက္ကဌ၊ ဒုဥက္ကဌ အမည်စာရင်းတွေမှာ တိုင်းရင်းသားခေါင်းဆောင် အများစုကို အမည်စာရင်း တင်သွင်းတာနဲ့ ပတ်သက်လို့ ဒါဟာ နိုင်ငံရဲ့လက်ရှိအခြေအနေအရ လိုအပ်လို့ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောပါတယ်။
2016-01-30
လာမယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ နေရာအတွက် အန်အယ်လ်ဒီပါတီက အဆိုပြုထားတဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးတီခွန်မြတ် ဟာ ကွတ်ခိုင်ဒေသမှာ ဘိန်းစိုက်ပျိုး မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဝေဖန် မှုတွေ ထွက်ပေါ်နေပါတယ်။
2016-01-29
လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်မယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ပြည်သူနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ ရာထူးတွေအတွက် လျာထားတဲ့ ကိုယ်စားလှယ် ၄ ဦး အမည်ကို အန်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-01-29
မြင်းခြံထောင်မှာဖမ်းထားတဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေထဲက ၅ ဦးကို တရားရုံးမှာ မနေ့က အပြီးသတ်အမိန့်ချပြီးတဲ့နောက်၊ ချုပ်ရက်တွေ နဲ့ ပြစ်ဒဏ်အမိန့်ပြီးသွားတဲ့အတွက် ပြန်လွှတ်ပေး လိုက်ပါတယ်။
2016-01-28
လာမယ့်ဒုတိယအကြိမ် လွတ်တော်အတွက် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌ နေရာတွေကို NLD ပါတီက ထုတ်ပြန်ပြောဆို လိုက်တာနဲ့ ပတ်သက်လို့ NLD ပါတီက ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2016-01-28
လာမယ့် အစိုးရသစ် လက်ထက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကို တစ်စုတစ်ဖွဲ့တည်းသတ်မှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေ ၃ ပွင့်ဆိုင် သဘောမျိုး သတ်မှတ် သင့်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်ဟံသာ က ပြောပါတယ်။
2016-01-27
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်အဖျက်ခံရလို့ ခိုကိုးရာမဲ့နေတဲ့ပြည်သူတွေကို အရပ်ဘက်လူမှုအဖွဲ့တချို့က စားသောက်စရာကူညီနေတာကလွဲလို့ အဓိကလိုအပ်တဲ့ ယာယီနေထိုင်ဖို့ အခက်အခဲ ဖြစ်နေကြပါတယ်။
2016-01-27
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ကိုယ်စားလှယ် အဖွဲ့တွေနဲ့ အစိုးရရဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု ထောက်ကူပြုကော်မတီတို့ မနေ့ကတွေ့ဆုံဆွေးနွေးပြီး တာဝန်လွှဲပြောင်းရေး အခမ်းအနား အစီအစဉ်အတွက် ဆွေးနွေးခဲ့ကြ တာတွေနဲ့ ပတ်သက်လို့ အထောက်အကူပြု ကော် မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-01-27
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ပြီးခဲ့တဲ့လဆန်းပိုင်းက ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်ဆက်နွယ်သူ ၃ ဦးတို့ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
2016-01-27
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာနဲ့ ရှမ်းစုကျေးရွာကြားမှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီ ၅ခု စုပေါင်းစွန့်ပစ်တဲ့ မြေစာပုံဟာ မနေ့ညနေက ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်ရှာသူ ၄၀ လောက် မြေစာပုံပိနေတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။