သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-09
လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ပြည်သူ၊ အမျိုးသားနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ ၃ ခုက ဒုတိယသမ္မတလောင်းတွေကို အဆိုပြုကြ ဖို့အတွက် စတင် ဆွေးနွေးရမှာ ဖြစ်ပါတယ်။
2016-02-07
မနက်ဖြန်ဖေဖော်ဝါရီလ ၈ ရက်နေ့ကျင်းပမယ့် ရှမ်းပြည်နယ်လွှတ်တော်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဆယ်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းကို ပြည် နယ်လွှတ်တော် ဥက္ကဌနဲ့ သိန်းနီမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ထားရီကို လွှတ်တော်ဒုတိယ ဥက္ကဌအဖြစ် အမည်စာရင်းတင်သွင်းဖို့ SNLD က ဒီနေ့အရေးပေါ်အစည်းဝေး ကျင်းပပြီး ဆုံးဖြတ်ခဲ့ ပါတယ်။
2016-02-07
ရခိုင်အမျိုးသားပါတီအနေနဲ့ အရင် မိတ်ဖက် UNA ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့နဲ့ လက်တွဲမှာမဟုတ်တော့ပဲ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း NBF နဲ့သာ လက်တွဲသွား မယ်လို့ မနေ့က စစ်တွေမြို့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကနေ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-02-07
သတင်းမီဒီယာတွေ လွှတ်တော်အတွင်း သတင်းရ ယူရေးနဲ့ ပတ်သက်ပြီး မနေ့က လူဦးရေကန့်သတ် လိုက်သလို စည်းကမ်းချက်တွေလည်း ထုတ်ပြန်လိုက် တာကြောင့် ဝေဖန်မူတချို့ထွက်ပေါ်နေပါတယ်။
2016-02-07
ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်းစတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေရဲ့ ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေရဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ NLD ရုံးတွေ ဒီကနေ့မှာ တရားဝင် စာအိတ်တွေဖွင့်ဖောက်ခဲ့ပြီး၊ အမည်စာရင်းတွေလည်း အင်တာနက် ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်နေပါတယ်။
2016-02-07
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့မှာ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က မီးလောင်ကျွမ်းခဲ့လို့ အိမ် ၂၀၀ နီးပါနဲ့ စီးပွားရေးလုပ်ငန်းတွေ မီးလောင် ဆုံးရှုံးခဲ့ပါတယ်။
2016-02-07
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က မီးလောင် ကျွမ်းခဲ့တာကြောင့် လူ ၁၃၀၀ နီးပါးတို့ဟာ လက်ရှိကယ်ဆယ်ကယ် ဆယ်ရေး စခန်းတွေမှာ နေထိုင်ကြရပါတယ်။
2016-02-06
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် မြစ်ဝရေကြီး ကွင်းဒေသ ခနွဲခဘိုရွာမက ပြည်သူတွေကို အဲ့ဒီအနီး တဝိုက်အင်းကို လေလံအောင်ထားတဲ့ ဖိုးလမင်း ကုမ္ပဏီက အမှုတွေဖွင့်ထားတဲ့အတွက် ရဲတပ်ဖွဲ့တွေက အင်အားနဲ့ ဝင်ရောက်ဖမ်းဆီးနေပါတယ်။
2016-02-06
ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို သူရဦးရွှေမန်း ဥက္ကဌအဖြစ်တာဝန်ယူပြီး အဖွဲ့ဝင် (၂၂) ဦးနဲ့ ပြည်သူလွှတ်တော်ကနေ ဒီကနေ့မှာ ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ ဒီကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်သူ ဦးစောလှထွန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-02-06
မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နဲ့ ဧရာဝတီတိုင်း လပ္ပတ္တာမြို့တွေမှာ မီးလောင်ခဲ့တာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူတွေ များခဲ့ပါတယ်။
2016-02-06
ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်နဲ့ ကိုဇော်ဝင်းဗိုလ်တို့ကို တရားမဝင်နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁) နဲ့ ဒီနေ့ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ အမိန့်ချမယ်လို့ သိရပါတယ်။
2016-02-05
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ အနိုင်ရထားတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်ကို အန်အယ်လ်ဒီပါတီ ကိုယ်စား လှယ်လောင်း ဦးခေါဘော့မ်က ကိုယ်စားလှယ်အဖြစ် ကနေ ရုပ်သိမ်းပေးဖို့ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာတင်ထားတာကို ဒီနေ့ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးမှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2016-02-05
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို အဟန့် အတားဖြစ်နေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကိုဆိုင်းငံ့နိုင်ဖို့အတွက် NLD ခေါင်းဆောင်တွေ သိမ်သိမ်မွေ့မွေ့ဆောင်လျက်ရှိတယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်က ပြော ပါတယ်။
2016-02-05
ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းအတွင်းက ကျူးကျော်နေထိုင်တဲ့သူတွေကို ဖယ်ရှားခိုင်းတဲ့ကိစ္စတွေမှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်က ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်တာနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဦးစစ်မြိုင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-02-05
ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို တရားရင်ဆိုင်နေရဆဲ ဖြစ်တဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်မပြုနိုင်ကြောင်း အစိုးရက ပြောဆိုချက်ဟာ ကျိုးကြောင်းခိုင်လုံမှုမရှိကြောင်း၊ သမ္မတ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အရ ကျောင်းသားတွေကို လွှတ်ပေးလို့ရနိုင်ကြောင်း ကျောင်းသားတွေအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ပြောပါတယ်။