သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-31
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေ ယူရိုငွေ ၈၆သန်း စာရင်းပျောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ သုံးသပ်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာနဲ့ ပတ်သက်ပြီး ကော်မရှင်မှာ မနေ့ က ဆွေးနွေးခဲ့ ပါတယ်။
2016-05-31
၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီ နှစ်ခုတို့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ဖွဲ့စည်းပေးလိုက်ပါတယ်။
2016-05-31
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် က ကျောက်မျက်အသင်းရန်ပုံငွေ ပျောက်ဆုံးနေမှုကိစ္စ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်ဟောင်းတွေက ဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာပေးတဲ့ ကိစ္စနဲ့ မေလ ၂၄ရက်နေ့ ရန်ကုန်မှာ ပါတီပြန်လည်ထူထောင်ရေး လုပ်စဉ် ဦးသိန်းစိန် ပြောကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရ အပေါ် အကျိုးသက်ရောက်နိုင်မယ့် အလားအလာတွေကို ရန်ကုန်အခြေစိုက် မွန်းတည့်နေ သတင်းဂျာနယ် အယ်ဒီတာ ချုပ် ဆရာစည်သူအောင်မြင့်ကို ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
2016-05-31
ပညာရေးပြုပြင်ပြောင်းလဲရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အစိုးရ နဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် (န.က.သ) တို့ ပြီးခဲ့တဲ့ရက်က တွေ့ဆုံပွဲကို ကြိုဆိုကြောင်း ၊ ကျောင်းသားအဖွဲ့အစည်း အားလုံးပါဝင်တဲ့တွေ့ဆုံပွဲမျိုး ထပ်မံပေါ်ပေါက် လာဖို့မျှော်လင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်က ဦးသန်းထိုက်အောင်က ပြောပါတယ်။
2016-05-30
ကြော်ငြာအားကောင်းကောင်းနဲ့ ဖွင့်လှစ်ထား ပြီး ငွေကြေးမတန်တဆယူပေမဲ့ လုံး၀ ပျောက် ကင်းအောင် မကုသနိုင်တဲ့ တရုတ်ဆေးခန်းတွေ အကြောင်း ကျန်းမာရေးပညာပေး ဆောင်း ပါးတွေ ရေးသားနေတဲ့ မောင်မောင်ထွန်းအောင် (ကျန်းမာရေး) ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-05-30
၂၁ရာစုပင်လုံညီလာခံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး ကော်မတီရဲ့ လုပ်ငန်းတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ တွေ့ဆုံညိုနှိုင်းမူတွေ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒီကိစ္စကို အဖွဲ့ နှစ်ဖွဲ့ခွဲဆောင်ရွက်မှာဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်း စတင်တော့မှာဖြစ်ပါတယ်။
2016-05-30
ရှမ်းပြည်တိုင်းရင်းသားပါတီများ အဖွဲ့ချုပ် LSSEP ဖွဲ့စည်းရေးအတွက် ရှမ်းပြည်နယ်ထဲက နိုင်ငံရေး ပါတီ ၁၃ ပါတီတို့က ခေါင်းဆောင်တွေဟာ ဒီနေ့ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ဆွေးနွေးပြီး သဘောတူခဲ့ကြပါတယ်။
2016-05-30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် ၂၁ ရာစုပင်လုံခေါ် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးညီလာခံကြီးအပေါ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ရဲ့ သဘောထားအမြင်တွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-05-30
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့SSPP/SSA တို့ တိုက်ပွဲတွေ၊ ဒီတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ ဒေသခံတွေထွက်ပြေးနေရတဲ့အခြေအနေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာတွေအပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ဦးရဲထွန်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-05-29
ထိုင်းမြန်မာ နယ်စပ်မှာ နှစ်ပေါင်း ၂၅ နှစ်ကျော် အခြေစိုက်နေထိုင်ပြီး မြန်မာရွှေ့ပြောင်း လူနာတွေ ကို ဆေးဝါးကုသပေးနေတဲ့ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်ရဲ့ ကုတင် ၁၄ဝ ဆန့် ဆေးခန်းသစ်ကြီးကို မဲဆောက်မြို့မှာ ဒီနေ့ ဖွင့်လှစ်ခဲ့ပါတယ်။
2016-05-28
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသတွေမှာ အစိုးရတပ်တွေက စစ်ပွဲတွေ ဆင်နွှဲနေတာ အမြန်ဆုံးရပ်ဆိုင်းပေးဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့ရောက် မွန်တိုင်းရင်းသားတွေ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2016-05-28
အမေရိကန်သမ္မတဟောင်း ဂျော့ ဒဗလျူ ဘုရှ် တည်ထောင်ထားတဲ့ လူငယ်ခေါင်းဆောင် အရည်အချင်းမြှင့်တင်ရေးသင်တန်းအတွက် အမေရိကန် ပြည်ထောင်စုကို ခေတ္တရောက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်တို့ဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်က သီးသန့်တွေဆုံခဲ့ကြပါတယ်။
2016-05-28
မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းကို မဖြစ်မနေ အလေးထား လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဥရောပတိုက်က ကမ္ဘာထိပ်တန်း သုတေသနဌာနတွေကို သွားရောက်လေ့လာနေတဲ့ စိမ်းလန်း အမိမြေ (EcoDev) အဖွဲ့ရဲ့ အကြီးအကဲ ဦးဝင်းမျိုးသူ က ပြောကြားလိုက်ပါတယ်။
2016-05-28
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကိုပြင်ဆင်ဖွဲ့စည်းမယ့် အခြေအနေ တွေနဲ့ ပတ်သက် လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
2016-05-27
ရှမ်းပြည်မြောက်ပိုင်းကျောက်မဲနဲ့ လာရှိုးအနီးမှာ SSPP/SSA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး SSA မြောက် ပိုင်းတပ်ဖွဲ့ဌာနချုပ်ကို သွားရောက်တဲ့လမ်းမှာ အစိုးရတပ်တွေက ဂိတ်ဖွင့်စစ်ဆေးနေတယ်လို့ SSA တပ်ဖွဲ့ကပြောပါတယ်။