သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-18
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ AAနဲ့ ဆက်သွယ်ခဲ့တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ် ၁၃ ယောက်ကို စစ်တွေမြို့နယ် တရားရုံးက မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-06-18
ရခိုင်ပြည်နယ် စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်တွေကို NVC လို့ခေါ်တဲ့ (နိုင်ငံသားစီစစ် ခံရမယ့်သူကဒ်)တွေ ထုတ်ပေးဖို့ ဒုက္ခသည်စခန်းက ကိုယ်စားလှယ်တွေနဲ့ ဒေသခံ ၂၀၀ လောက်ကို ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးမှုး ဦးဝင်းလွင်တို့ ပါဝင်တဲ့အဖွဲ့က မနေ့က သွားရောက်ဆွေးနွေးခဲ့ပါတယ်။
2016-06-18
ထိုင်းနိုင်ငံ၊ မဟာချိုင်နဲ့ မဲဆောက်မြို့တို့က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက ရှောင်တခင် ဖမ်းဆီးမှုတွေ ဆောင်ရွက်နေပါတယ်။
2016-06-17
ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအဖွဲ့ကနေပြီး နိုင်ငံနဲ့အဝှမ်းမှာ ကျန်းမာရေး ဌာန ၇၈ ခုဆောက်လုပ်ဖို့နဲ့ ကျန်းမာရေးဌာန သုံးပစ္စည်းတွေ ထောက်ပံ့မှုကို ဒီနှစ်ကုန်မှာ အပြီးသတ် အကောင်အထည်ဖော်မှာဖြစ်ပါတယ်။
2016-06-17
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားဒေသမှာရှိတဲ့ ကျေးရွာတွေက မြိုတိုင်းရင်းသား တစ်ထောင်နီးပါးလောက်ဟာ အစိုးရတပ်မတော် နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် လတ်တလောမှာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2016-06-16
ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော်မတီက AA ၊ MNDAA ၊ TNLA အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားထားပေမယ့် တွေ့ဆုံမယ့်နေရာ ကို နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးဆဲဖြစ် တယ်လို့ AA အဖွဲ့က ပြောပါတယ်။
2016-06-16
ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းတာကြောင့် ကျေးရွာ ၁၈ ရွာရေနစ်မြုပ်ခဲ့ပြီး ပုရစ်၊ ရေကောက်နဲ့ ပေါက်တော ကျေးရွာက နေအိမ် ၁၃၀ ကျော် ရေထဲမျောပါသွားခဲ့ပါတယ်။
2016-06-16
ဘယ်လိုဖျောင်းဖျ ခြိမ်းခြောက်မှုမျိုးတွေရှိလာပါစေ ဇွန်လကုန်မှာ မဘသအဖွဲ့က နှုတ်ထွက်မှာဖြစ်တယ်လို့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ထပ်မံအတည်ပြုမိန့်ကြားပါတယ်။
2016-06-15
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဇွန်လ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံ ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးမှာ လူငယ်တွေ ဘယ်လိုပူးပေါင် ပါဝင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေရရှိခဲ့တယ်လို့ လူငယ်တွေ့ဆုံပွဲဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ကိုဇော်သူရိန်ထွန်းက ပြောပါတယ်
2016-06-15
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော် မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP/UWSA အဖွဲ့တို့ လာမယ့်ရက်ပိုင်း အတွင်း တွေ့ဆုံညှိနှိုင်းဖို့ ပြင်ဆင်မှုတွေ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ညီလာခံပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-06-14
မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး က ရခိုင်စစ်ဘေး ဒုက္ခသည်တွေအတွက် ဆန်နဲ့ ဆီများလှူဒါန်းခဲ့သလို ဒုက္ခသည်စခန်းကိုလည်း လှူဒါန်းခဲ့ပါတယ်။
2016-06-14
ကွမ်းစားသုံးမှုနဲ့ ကွမ်းတံတွေးထွေးမှု လျော့နည်းပပျောက်ဖို့ ဆောင်ရွက်ရာမှာ ဥပဒေကို ကျော်လွန်ပြီး ခြိမ်းခြောက်ပြောဆိုမှုတွေ မလုပ်ဖို့ တိုင်းနဲ့ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။
2016-06-14
ရန်ကုန်မှာ မနေ့က စတင်ကျင်းပတဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖွင့်ပွဲမှာ twilight over Burma ဇတ်ကားကို ပြသခွင့်မပေးတာဟာ ဒီဇတ်ကားထဲမှာ တပ်မတော်ရဲ့ ပုံရိပ်ကို ကျဆင်းတဲ့ ဇတ်ဝင်ခန်းတွေ ပါဝင်တဲ့အတွက် အများပြည်သူကို ပြသရန်မသင့်ဆိုပြီး ရုပ်ရှင်ဆင်ဆာအဖွဲ့က ခွင့်မပြုခဲ့တာဖြစ်တယ်လို့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေးအဖွဲ့က အမှုဆောင် ဒါရိုက်တာ မမွန်မွန်မြတ်က ပြောပါတယ်။
2016-06-14
မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး က ရခိုင်စစ်ဘေး ဒုက္ခသည်တွေအတွက် ဆန်နဲ့ ဆီများလှူဒါန်းခဲ့သလို ဒုက္ခသည် စခန်းကိုလည်း လှူဒါန်းခဲ့ပါတယ်။
2016-06-14
အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် ကျောက်မျက်ရတနာပြပွဲကို လာမယ့် ဇွန်လ ၂၄ ရက်နေ့ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ နေပြည်တော်မှာ ခင်းကျင်းပြသရောင်းချမှာဖြစ်ပါတယ်။