သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-21
မြန်မာနိုင်ငံမှာ သတင်းသမားတွေ လက်ရှိ သတင်း အချက်အလက်ရယူခွင့်မှာ စိန်ခေါ်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အလုပ်ရုံဆွေးနွေးပွဲတစ်ခု ရန်ကုန်မြို့က Summit Parkview ဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-08-21
ရှမ်းပြည်နယ် မိုင်းဖြတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် စတဲ့မြို့နယ်တွေမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ ကျောက်မဲမြို့မှာ မိုးကြိုးပစ်ရာကနေ နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။
2016-08-21
မနေ့ညက မိုးများပြီး ရေကြီးတာကြောင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်က အောင်ပင်လယ်၊ ကန်သာယာ၊ မြရည်နန္ဒာ၊ ထွန်တုံးနဲ့ အမှတ် (၄)ရပ်ကွက်တို့က နေအိမ်တွေရေနစ်မြုပ်ပြီး ဒေသခံ ခြောက်ထောင်ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။
2016-08-20
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်မရခဲ့ တဲ့ နိုင်ငံရေးပါတီ ၇ဝ အတွက် ကိုယ်စားပြုပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်မယ့် ကိုယ်စားလှယ် ၅ ဦးကို လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ရွေးချယ် မှာဖြစ်ပါတယ်။ အဲ့ဒီရွေးချယ်ပွဲကို ကယားပြည်နယ် အခြေစိုက်ပါတီ ၃ ခုဖြစ်တဲ့ လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ၊ ကယားလူမျိုးစုဒီမိုကရေ စီပါတီနဲ့ ကယန်း အမျိုးသားပါတီတို့က ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-08-20
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တည်ဆောက်မယ့် နောင်ဖာ ရေကာတာစီမံကိန်းကို ကန့်ကွက်ကြောင်း ရှမ်းပြည်အရပ်ဘက်အဖွဲ့အစည်းတွေက ကြေညာလိုက်ပါတယ်။
2016-08-20
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တို့ဟာ NCA စာချုပ်နဲ့ ၂၁ ရာစု ပင်လုံညီလာခံအကြောင်း ဒီနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
2016-08-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ တရုတ်နိုင်ငံ ဘေဂျင်း မြို့တော်မှာ မနေ့က တွေ့ဆုံခဲ့ကြပြီးနောက် တရုတ်- မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အခြေ အနေ၊ ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ တရုတ်ပြည်အခြေစိုက် ဗမာပြည် ကွန်မြူနစ်ပါတီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းကို RFA အဖွဲ့သူ မသင်းသီရီ ဆက်သွယ်မေးမြန်းထား ပါတယ်။
2016-08-20
လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာကျင်းပမဲ့ ၂၁ ရာစုပင်လုံညီလာခံဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်တဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။
2016-08-20
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပြုပြင်ပြောင်းလဲဖို့အတွက် လူရွေးပွဲပြန်လုပ်ဖို့ ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံကို လာမယ့် သြဂုတ်လ ၂၁ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။
2016-08-20
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်၊ သာပေါင်း၊ ငါး သိုင်းချောင်းနဲ့ ကျုံပျော်မြို့တွေကို သွားရောက်ပြီး ရေဘေး သင့်ဒေသခံတွေကို ဆန်၊ ဆီနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့ပါတယ်။
2016-08-20
ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ စတင်ကျင်းပနေတဲ့ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဖိုရမ်နဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူ ဒါရိုက်တာ ဦးဇာဂနာကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။
2016-08-18
၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့အတွက် အစိုးရက ကမ်းလှမ်းလာမယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့က တက်ရောက်ဖို့ အဆင့်သင့် ရှိကြောင်း AA၊ TNLA နဲ့ MNDAA တို့က ကြေညာ ချက် ထုတ်ပြန်လိုက်ပါတယ်။
2016-08-18
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငါးရက်ကြာ တရုတ်နိုင်ငံခရီးစဉ်အပေါ် တရုတ်သတင်းမီဒီယာတွေမှာ ဘယ်လိုရေးသားဖော်ပြနေကြသလဲဆိုတာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာဒေါ်လှကျော်ဇောကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-08-18
ရန်ကုန်မြို့မှာ ငါးကင်ဆိုင်ဖွင့်ရောင်းပြီး ရရှိတဲ့ အမြတ်ငွေထဲကမှ အခမဲ့စာကြည့်တိုက်တွေ တည်ထောင်သူ ကိုဇော်ဇော် ခေါ် ကိုသိန်းဇော်ကို ၂၀၁၆ ခု ဇူလိုင်လအတွက် ဂုဏ်ပြုချီးကျူးထိုက်သူ အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်က ရွေးချယ်ကြောင်း မနေ့က နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ကြေညာပါတယ်။
2016-08-18
ကူးစက်ရောဂါဖြစ်ပွားနေတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ပတ်သက်လို့ အစိုးရရဲ့ ကိုင်တွယ်ပုံအပေါ် ဝေဖန်ကန့်ကွက်နေတာကြတဲ့ အခြေအနေအပြင် မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေအပေါ် အစိုးရရဲ့ ကန့်သတ်မှုတွေနဲ့ ပတ်သက်လို့ လူ့အခွင့်ရေးလှုပ်ရှားနေတဲ့ Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိူးမင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။