သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-04
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကနေ အလုပ်သမားတစ်ယောက်ရဲ့ အနည်းဆုံးလုပ်ခလစာအဖြစ် တစ်ရက်ကို ငွေကျပ် ၄ထောင်ကနေ ၄၈၀၀ ကြား သတ်မှတ်ဖို့ အကြမ်းဖျင်းလျာထားဆုံးဖြတ်ခဲ့ပါတယ်။
2017-10-03
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစွန်းရောက်အကြမ်းဖက်သမားတွေက အကြီးစားဖောက်ခွဲမှု တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေရရှိထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက မနေ့က ပြောကြားလိုက်ပါတယ်။
2017-10-02
အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ မောင်တောဒေသက မွတ်စလင်မိသားစု သိန်းနဲ့ချီပြီး နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာနေကြတယ် ဆိုတဲ့ သတင်းအပါအဝင် မောင်တောဒေသ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည် နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်း ထားပါတယ်။
2017-10-02
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ဆိုင်ခန်း ၁၄ ခု ထိခိုက်ပျက်စီးခဲ့တဲ့အတွက် ကူညီထောက်ပံ့ငွေကျပ် သိန်း ၈၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မနေ့က ပေးအပ်ခဲ့ပါတယ်။
2017-10-02
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီထံ အဆိုပြုနှုန်းထား တင်တဲ့ အခါ တစ်ရက်လုပ်ခ ကျပ် ၅ ထောင်ထက် မလျော့ နည်းသင့်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ကော်မတီကို အကြံပြုတယ်လို့ ကော်မတီအဖွဲ့ဝင် ကိုရဲဝင်းထွန်း က ပြောပါတယ်။
2017-09-30
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဒုက္ခသည်အဖြစ် ဝင်ရောက်သွားသူတွေအနေနဲ့ ပြန်လာချင်တယ်ဆိုရင် မြန်မာနိုင်ငံထဲမှာ နေထိုင်ဖူးတယ်ဆိုတဲ့ အထောက်အထား တစ်စုံတရာပြသနိုင်ရမှာဖြစ်ပြီး လိုအပ်တဲ့အချက်အလက်တွေ တိုက်ဆိုင်စစ်ဆေးပြီးမှသာ လက်ခံနိုင်မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
2017-09-30
ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ နေရာကို တပ်မတော်က မိုင်းပန်မြို့နဲ့ အစိုးရဘက်က လင်းခေးမြို့တွေကို အဆိုပြုထားတာတွေ ရှိပေမယ့် အားလုံးပါဝင်နိုင်ရေးအတွက် သွားလာရေးလွယ်ကူတဲ့ တောင်ကြီး နဲ့ ပင်လုံမြို့တွေမှာသာ ကျင်းပခွင့်ပေးဖို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အနေနဲ့ ထပ်မံတောင်းဆိုသွားဖို့ရှိတယ် လို့ သိရပါတယ်။
2017-09-29
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေး ရာကော်မတီနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့မှာ ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွေမှာ ရခိုင်ပြည်နယ်က ပြဿနာနဲ့ ပတ်သက်တဲ့ ထောက်ပြချက်တွေဟာ လက်ရှိအခြေအနေ အမှန်နဲ့ ကွဲလွဲနေတာမို့ လက်ခံနိုင်စရာမရှိဘူးလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
2017-09-28
မြန်မာနိုင်ငံမြောက်ပိုင်းက ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် တောင်ပိုင်းက ဧက ၉ သိန်း နီးပါးကို ထပ်မံတိုးချဲ့ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ်သတ်မှတ်နိုင်ရေး အစိုးရက ကြိုးစားနေတာကို ပူတာအိုမြို့မှာ ဒေသခံ အယောက် ၁ သောင်းလောက်က ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2017-09-28
စက်တင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံ အခြေစိုက်သံရုံးတွေက သံတမန်တွေကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက အကြမ်းဖက်ခံရတဲ့ ကျေးရွာတွေကို သွားရောက် ကြည့်ရှုလေ့လာဖို့ အစိုးရဘက်က ဖိတ်ကြားထားပါတယ်။
2017-09-28
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခမောင်းဆိပ်မြို့မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်း ၄၅ လောင်း တွေ့ရှိထားပြီး နောက်ထပ် ၅၀ လောက် ပျောက်ဆုံးနေသလို ဘင်္ဂလားဒေ့ရှ်ကို ဟိန္ဒူဘာသာဝင် ၅၀၀ ကျော် ထွက်ပြေးသွားကြတယ်လို့ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမောလ်က ပြောပါတယ်။
2017-09-27
ဘူးသီးတောင် မောင်တောဘက်ကရွာတွေကို ဘယ်သူတွေမီးရှို့ကြသလဲ။ မွတ်စလင်ဘာသာရေးဆရာတွေက ဘယ်ကရောက်နေကြတာလဲ။
2017-09-27
ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ခုကို စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က လုပ်ကိုင်ရတဲ့အခြေအနေနဲ့ ဒီကနေ့ အခြေအနေ ဘယ်လိုတွေကွာခြားသွားသလဲ၊ သတင်းလောက တိုးတက်အောင် ဘာတွေလုပ်ဆောင်သင့် သလဲဆိုတာတွေ ဆွေးနွေးကြမယ်လို့ အခမ်းအနားကို ဦးဆောင်ကျင်းပသူလည်းဖြစ်၊ ရွှေဝါရောင်တော်လှန်ရေးကာလက Video journalist တစ်ဦးလည်းဖြစ်တဲ့ ကိုစံသာအောင် က ပြောပါတယ်။
2017-09-27
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာနားမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်း ၄၅ လောင်း တွေ့ရှိထားတဲ့ ဖြစ်စဉ်တွေအပါအဝင် မြေပြင်ကွင်းဆင်းလေ့လာတေ့ွရှိချက်တွေကို သမ္မတဆီတင်ပြမယ့် အစီရင်ခံစာထဲ ထည့်သွင်းသွားမယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
2017-09-25
မောင်တောမြို့နယ် ခမောင်းဆိပ်ရွာမှာ အကြမ်းဖက်သမားတွေ သတ်ပြီးမြေမြှုပ်ထားတဲ့ ဟိန္ဒူအလောင်းတွေ့တာ နှစ်ရက်အတွင်း ၄၅ လောင်းရှိပြီဖြစ်ပါတယ်။