သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-18
ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၇ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြေဧက ၂ သိန်းခွဲကျော်ကို ပြန်လည်စွန့်လွှတ်ပြီး နိုင်ငံတော်ကို ပြန်လည်အပ်နှံပြီးဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
2017-12-18
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုဟောပြောပွဲတွေ လုပ်ဆောင်ဖို့ အစိုးရရဲ့ ခွင့်ပြုချက်ရထားပြီးဖြစ်တာကြောင့် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်ပြီး CSSU အဖွဲ့ဝင်ဖြစ်တဲ့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။
2017-12-18
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖြေရှင်းဖို့ လတ်တလောမှာ မဖြစ်နိုင်သေးဘဲ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ PSLF/TNLA က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-12-18
၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင်တချို့ ဦးဆောင်ပြီး ထူထောင်မယ့် “ရှစ်လေးလုံးပါတီ “ ဆိုတဲ့ နာမည်ကို ထောက်ခံသူတွေရှိသလို ဝေဖန်မှုတွေလည်း အများအပြားရှိနေတာနဲ့ ပတ်သက်လို့ ပါတီထူထောင်ရေး ဦးဆောင်သူ တဦးဖြစ်တဲ့ ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို မသင်းသီရိ ဆက်သွယ်မေးမြန်းထား ပါတယ်။
2017-12-17
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေနဲ့ အလုပ်ရှင် ကြား သဘောတူညီထားတာတွေကို အလုပ်ရှင် ဖက်က အကောင်အထည်ဖော်ခြင်း မရှိလို့ဆိုပြီး အလုပ်သမား အင်အား ၃၀၀ လောက်ဟာ ဒီနေ့မနက်မှာ စက်ရုံကနေ မန္တလေးမြို့ မနော်ရမ္မံ ဟစ်တိုင်ကွင်းထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2017-12-17
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့အတွက် ဒီနေ့ ပင်လုံမြို့မှာ အကြိုလူထုဟောပြောပွဲ စတင်ကျင်းပရာ တပ်မတော်က တားမြစ်ခဲ့တဲ့အတွက် ဟောပြောပွဲ ပျက်သွားပါတယ်။
2017-12-16
အစိုးရတပ်မတော်နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်းကို ဒီရက်ပိုင်းအတွင်း လူ တစ်ယောက်ကို ဆန်တစ်အိတ်သာ သယ်ခွင့် ပေးတာကြောင့် ဆန်ဈေးတွေ မြင့်တက်နေသလို ဝယ်ယူဖို့တောင် ဆန်မရှိသလောက် ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-12-16
နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ၂ ယောက်ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွေရဲ့ ဖော်ပြချက်တွေကို မကျေနပ်တာကြောင့် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က Myanmar Digital News အဖွဲ့ကို သွားရောက် ပို့ချမယ့် သင်တန်းကို ရန်ကုန်သတင်းစာ ပညာသင်တန်းကျောင်း YJS က ရပ်ဆိုင်းထားလိုက်ပါတယ်။
2017-12-14
ရိုက်တာ သတင်းထောက် ၂ ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းလိုက်တာဟာ သတင်းသမားတွေကို အကြောက်တရားဖြစ်အောင် လုပ်လိုက်တာလို့ သုံးသပ်နေကြပါတယ်။
2017-12-14
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေအရေးနဲ့ ပတ်သက်ပြီး မနေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာအစိုးရအနေနဲ့ ဒီဒုက္ခသည်တွေကို လုံခြုံစိတ်ချရတဲ့နေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ အထောက်အထားအစုံအလင် မတင်ပြနိုင်ရင်လည်း လျော့ပေါ့စဉ်းစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။
2017-12-14
ရိုက်တာသတင်းဌာန သတင်းထောက် ၂ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲဆိုထားတဲ့အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အကြောင်းကြားချက် တစ်စုံတစ်ရာမရရှိထားဘူးလို့ MPC ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်းက ပြောပါတယ်။ အကြောင်းကြားလာခဲ့မယ်ဆိုရင်တော့ MPC အနေနဲ့ လုပ်သင့်လုပ်ထိုက်တာလုပ်သွားမယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။
2017-12-14
ရခိုင်အမျိုးသားပါတီနဲ့ နိုင်ငံရေးဆက်လက်လုပ်ဆောင်မယ်ဆိုရင် လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲအောင်နိုင်မယ်လို့ ယုံကြည်မှု မရှိတော့တာကြောင့် ပါတီကနေနှုတ်ထွက်ခွင့် တောင်းလိုက်တာဖြစ်တယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။
2017-12-13
ရိုက်တာသတင်းဌာနက မြန်မာပြည် သတင်းထောက် ကိုသက်ဦးမောငမောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို အစိုးရလျို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ အမှုဖွင့် ဖမ်းဆီးထားတာဟာ ရခိုင်ပြည်နယ်နဲ့ဆိုင်တဲ့ ရိုက်တာသတင်းဌာနရဲ့ သတင်းေဖော်ပြမှု တချို့ကြောင့် ဖြစ်နိုင်တယ်လို့ သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော် က သုံးသပ်ပါတယ်။
2017-12-13
စစ်ပွဲတွေကြောင့် ရခိုင်တိုင်းရင်းသား ၁၆၀၀ ကျော် အိန္ဒိယဘက်ထွက်ပြေးရ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ရခိုင်တိုင်းရင်းသား ၁၆၀၀ လောက်ရှိနေပြီလို့ သိရပါတယ်။
2017-12-13
ရပ်/ကျေးအုပ်ချုပ်ရေးမှူးနေရာကို အာဏာတည်မြဲရေး အသုံးချနေကြတယ်လို့ဆို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကျင်းပတဲ့အခါ တချို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ စွက်ဖက်မှုတွေရှိသလို၊ လူမှုအဖွဲ့အစည်းတွေရဲ့ အသိပညာပေးလှုပ်ရှားမှုတွေလည်း ဆန့်ကျင်ခံရတာရှိနေတယ်လို့ သိရပါတယ်။ အဲဒီအပြင် တိုင်းရင်းသားဒေသတွေမှာလည်း အခက်အခဲတွေ တော်တော် များများရှိနေပြီး၊ နိုင်ငံရေးပါတီဝင်တွေရဲ့ ခြေပုန်းခုတ်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။