သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-13
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ မြဝတီဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ်တွေကို မနေ့ညပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေက တောင်းတဲ့ ဆက်ကြေးကို မပေးတဲ့အတွက် ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်း က ပြောပါတယ်။
2017-04-12
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံးကို လားရှိုးမြို့ရဲတပ်ဖွဲ့က ဧပြီ ၈ ရက်နေ့က ဝင်ရောက်ရှာဖွေစစ်ဆေးရာမှာ အိမ်တံခါးကို ရိုက်ချိုးဖျက်ဆီးခဲ့တဲ့အပေါ် ပြန်လည်တောင်းပန်ဖို့နဲ့ မတောင်းပန်ရင် တုန့်ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ UWSA က ဧပြီ ၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
2017-04-12
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်နဲ့ ကလောမြို့နယ်က ကျေးရွာ ၁၅ ရွာမှာ ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရတာကြောင့် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရေလှူတာတွေ လုပ်ပေးနေရတယ်လို့ ရှမ်းတောင်ရိုးလူငယ် အထောက်အကူပြုအဖွဲ့က ကိုအောင်ဆန်း က ပြောပါတယ်။
2017-04-11
လက်ရှိအစိုးရသက်တမ်းတစ်နှစ်ကျော်ကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းမှာ တရားမဝင်သစ် တန်ချိန် ၂၀၀၀ ကျော်ဖမ်းဆီးရမိထားပြီး ဖမ်းဆီးရမိ တာတွေဟာ ပိုင်ရှင်မဲ့တွေသာ ဖြစ်နေတယ်လို့ မကွေးတိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်ဇော် က ပြော ပါတယ်။
2017-04-11
လွန်ခဲ့တဲ့ ၉ နှစ်လောက်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့သွားစဉ် အအေးခန်း ကွန်တိန်နာကားထဲမှာ အသက်ရှူကြပ်ပြီး သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၅၄ယောက်ထဲက ၃၉ ယောက်အတွက် ထိုင်းအစိုးရက လာမယ့် ဧပြီ ၃၀ ရက်နေ့မှာ နစ်နာကြေးပေးမယ်လို့ ကော့သောင်းမြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု ဒုရဲမှူးကံဝင်း က ပြောပါတယ်။
2017-04-09
အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ တိုင်းရင်းသားတွေ ရေးဆွဲထားတဲ့ ပင်လုံလက်စွဲ စာတမ်းမှာပါတဲ့ ဖက်ဒရယ်မူအချက်တွေကို အခြေခံပြီး ဆွေးနွေးသွားဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၅ ဖွဲ့က ခေါင်းဆောင်တွေရဲ့ အစည်း အဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2017-04-08
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီး ငဝန်မြစ်ထဲ မှာ လူတွေတင်ဆောင်လာတဲ့ မော်တော်တစ်စီး နဲ့ ကျောက်တင်စက်လှေတစ်စီး မနေ့ညက တိုက်မိရာမှာ လူအယောက် ၂၀ သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၃၁ ဦး ရှိပါတယ်။
2017-04-07
အစိုးရသစ်လက်ထက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ငွေကျပ် ဘီလျံ ၅၀ ကနေ ၁၀၀ ကြား ဆုံးရှုံးနစ်နာမှုတွေရှိခဲ့ပြီး စီးပွားရေးကြီးစွာထိခိုက် ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက ပြီးခဲ့တဲ့ရက်က လွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
2017-04-07
လေအေးပေးစက် တပ်ဆင်မထားတဲ့ YBS ကားတွေရဲ့ ယာဉ်စီးခတွေကို အရင် ပုံသေ ၂၀၀ ကနေ ခရီးစဉ်အပိုင်းအလိုက် ၁၀၀/၂၀၀ ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ယာဉ်လိုင်းတချို့က ကားတွေမထွက်ဘဲ ဒီကနေ့ ဆန္ဒပြကြပါတယ်။
2017-04-07
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစတင်ပြီး တရားမဝင်အသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁)၊ ဖောက်ခွဲမှု ၄မှု နဲ့ ပြစ်ဒဏ်ကျခံထားရတဲ့ ဦးလဖိုင်ဂမ်ဟာ ကျန်းမာရေးဆိုးဝါးနေတဲ့အတွက် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသခံနေ ရပါတယ်။
2017-04-07
ပီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ပါတီဆောင်ပုဒ်ကို မဲဆွယ်စည်းရုံးသလို ပြော ကြားခဲ့တဲ့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်သွားဖို့ ဆုံးဖြတ်လိုက် ပါတယ်။
2017-04-07
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းက ကောက်ယူထားပြီး အစိုးရသစ်ထံ လွဲှပြောင်းပေးခြင်းမရှိဘဲ ပျောက်ဆုံးနေတဲ့ ရေနံလက်ယက်တွင်း ရန်ပုံငွေ ၇ ဘီလီယံကျော်ထဲ ၁.၇ ဘီလီယံကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် အသုံးပြုခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
2017-04-06
မန္တလေးတိုင်းဒေသကြီးအတွင်း တရားရုံးမှုခင်း ဆိုင်ရာ လေ့လာဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်းမယ့် အခြေအနေ၊ အစိုးရအကူးအပြောင်းကာလမှာ အများနဲ့သက်ဆိုင်တဲ့ မြေကွက်တွေ ပလပ်မြေတွေ ကို လူပုဂ္ဂိုလ်အမည်တွေနဲ့ မြေနေရာ ချထားပေး တာတွေကို ပြန်လည်စိစစ်နေတဲ့ အခြေအနေတွေနဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး ပညာပေးအစီ အစဉ်တွေ ပြုလုပ်ဖို့ စီစဉ်နေတာတွေကို တိုင်းဝန် ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီနေ့ တိုင်း လွှတ်တော်မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
2017-04-05
မွန်ပြည်နယ် ရေးမြို့နယ် သောင်ပြင်ကျေးရွာက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင် ၂၀၀ ကျော် ဟာ ဧပြီ ၁ ရက်နေ့ကစတင်ပြီး ပါတီဝင်အဖြစ် က နုတ်ထွက်လိုက်ပါတယ်။
2017-04-05
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တုစီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်မြေဧကပေါင်း ၂၃၀၀ ကျော်အတွက် မြေယာလျော်ကြေးပေးဖို့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ဒေသခံတောင်သူတွေက မနေ့က တင်ပြတောင်းဆိုကြပါတယ်။