သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-05
လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ် စန်းအောင်ကို အမျိုးအမည် မသိသူတွေက တယ်လီဖုန်း နဲ့ ခြိမ်းခြောက် ပြောဆိုရေးသားမှုတွေ ပေါ်ပေါက်နေ တဲ့အတွက် ထိရောက်စွာအရေးယူပေးဖို့ လန်ဒန် အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့က မြန်မာအာဏာပိုင်တွေကို မနေ့ ကတောင်းဆိုလိုက်ပါတယ်။
2017-04-04
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တု စီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်မြေဧကပေါင်း ၂၃၀၀ ကျော်အတွက် မြေ ယာလျော်ကြေးပေးဖို့ နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ဒေသ ခံတောင်သူတွေက မနေ့က တင်ပြတောင်းဆိုကြ ပါတယ်။
2017-04-04
မွန်ပြည်နယ် ရေးမြို့နယ် တောင်ပြင်ကျေးရွာက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင် ၂၀၀ ကျော်ဟာ ဧပြီ ၁ ရက်နေ့ကစတင်ပြီး ပါတီဝင်အဖြစ်က နုတ်ထွက်လိုက်ပါတယ်။
2017-04-03
ဆိုင်ဝန်ထမ်းတွေအပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့တဲ့ မကွေးတိုင်းဒေသကြီး၊ မြင်သာရပ်ကွက် သစ္စာလမ်း နဲ့ ၂၉ လမ်းထောင့်မှာရှိတဲ့ ရွှေမြတ်မင်းသမီး ကာရာအိုကေနဲ့ အဆင့်မြင့်အအေးခန်းစားသောက်ဆိုင် မနေ့ညက မီးလောင်မှု ကြောင့် ဆိုင်ရှင်ကို မီးပေါ့ဆမှု၊ လူသေမှုတွေနဲ့ မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။
2017-04-03
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၀ ဘီး နဲ့ ၁၂ ဘီး ကုန်သေတ္တာယာဉ်တွေကို အာဆီယံစံနှုန်းအတိုင်း ကုန်စည် တွေတင်ဆောင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်လိုက်တဲ့အတွက် ကုန်စည်များများ တင်ဆောင်နိုင်မယ့် ၁၀ ဘီး ၁၂ ဘီး ကုန်သေတ္တာတင်ယာဉ်တွေအစား ပေ ၂၀ နောက်တွဲယာဉ်တွေ တင်သွင်းနိုင်ဖို့ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်အသင်းက အစိုးရထံတောင်းဆိုထားတယ်လို့ သိရပါတယ်။
2017-04-03
ကြားဖြတ်ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်း ထားတာကို နားဆင်ပါ။
2017-04-03
ကြားဖြတ်ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။
2017-04-02
ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိ အစိုးရဖွဲ့ ထားနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာမှာ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်)က ကိုယ်စား လှယ် ဦးသဲရယ် အနိုင်ရရှိခဲ့ပါတယ်။
2017-04-02
ပြီးခဲ့တဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းလက်ထက်မှာ ရေနံလက်ယက်တွင်းနဲ့ ပတ်သက်တဲ့ အခွန်အခတွေ ၂.၈ ဘီလီယံလောက်ရှိခဲ့တယ်ဆိုပြီး လက်ရှိအစိုးရအဖွဲ့ထံ လုပ်ငန်းရှင်တွေရဲ့ တိုင်ကြားမှုတွေကြောင့် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ အပါအဝင် အစိုးရ အဖွဲ့ဝင်ဟောင်းတွေကို ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးရာမှာ ၇ ဘီလီယံကျော်အထိ ပျောက်ဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
2017-04-02
မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်က လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက အန်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းကို မဲ ၇၀၀၀ ကျော်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
2017-04-01
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့၂၀၁၇ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရသုံးဆိုင်ရာဥပဒေကြမ်းကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က တိုင်းလွှတ်တော်မှာ တင်သွင်းရာ အသုံးစရိတ်တွေ များနေတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပြီး ငွေကျပ် သန်း ၄၂၅၀ ကို လျှော့ချနိုင်ခဲ့ပါတယ်။
2017-03-31
NCA စာချုပ်မှာ UNFC အဖွဲ့ဝင် ၅ ဖွဲ့လက်မှတ်ရေး ထိုးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် အဲဒီအထဲက ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ မွန်ပြည် သစ်ပါတီ (NMSP) ဝအမျိုးသားအဖွဲ့ချုပ် (WNO) တို့က လက်မှတ်ရေးထိုးဖို့ မဆုံးဖြတ်ရသေးဘူးလို့ RFA ကို ပြောပါတယ်။
2017-03-31
နိုင်ငံတော်အတိုင်ပင်ခံရုံးက UNFC အဖွဲ့ဝင် လက်နက်ကိုင် ၅ ဖွဲ့ အနေနဲ့ NCA မှာ လက်မှတ်ရေး ထိုးတော့မယ်လို့ ထုတ်ပြန်လိုက်ချိန်မှာ UNFC ဒုတိယဥက္ကဌ နိုင်ဟံသာက ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC အဖွဲ့မှာ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ပြော ဆိုပါတယ်။
2017-03-30
စစ်ကိုင်းတိုင်းဒေကြီးလွှတ်တော်မှာ မနေ့က တင်သွင်း ခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း) မှာပါတဲ့ ကြက်ဆူပင်တိုးမြှင့်စိုက်ပျိုးရေးဆိုတဲ့ ကိစ္စနဲ့ပတ် သက်ပြီး ဒီကနေ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ဥပဒေ(မူကြမ်း)ကို တင်သွင်းခဲ့တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအပါအဝင် တပ်မတော်သား နဲ့ အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး က ကန့်ကွက်ခဲ့ကြပြီး ဒီကိစ္စကိုပယ်ဖျက်ဖို့ လွှတ်တော် က ဆုံးဖြတ်လိုက်တယ်။
2017-03-30
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် ပြည်ထောင်ကိုးရွာမှာ ကယန်းအမျိုးသားနေ့ ကျင်းပခွင့် တောင်းခံတာကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက လုံခြုံရေးအကြောင်းပြချက် နဲ့ တားမြစ်လိုက်ပါတယ်။