သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-30
ကယားပြည်နယ် ဘော်လခဲနဲ့ ဖားဆောင်းမြို့နယ်တို့ မှာ တရားမဝင်သစ်ခိုးထုတ်တဲ့ ယာဉ်တွေ ကို ငွေကြေး ရယူပြီး ဖြတ်သန်းခွင့်ပေးခဲ့တဲ့ သစ်တောအရာရှိ ၉ ဦး ကို ရာထူးကနေ ထုတ်ပယ်ပြီး အရေးယူလိုက်ပါတယ်။
2017-03-30
နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၂၈ ရက်နေက ကချင်ပြည်နယ် မြစ်ကြီးနားမှာ ကချင်လူထုခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြတာနဲ့ ပတ်သက်ပြီး KIO ကချင်လွတ်လပ်ရေးအဖွဲ့က ဒုဥက္ကဌ ဗိုလ်ချုပ် ဂွမ်မော် က အားရစရာ ကောင်းကြောင်း သူ့ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ တွေ့ဆုံပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့မှတ်ချက်ရေးသားခဲ့ပြီး ဘဝင်မကျမှုတွေလည်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
2017-03-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIO ပါဝင်လက်မှတ်ရေးထိုးဖို့၊ ငြိမ်းချမ်းရေးလမ်းစဉ် ဆက်သွားနိုင်ဖို့ ကိစ္စတွေကို ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒီနေ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က Palm Spring ဟိုတယ်မှာ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ပါတယ်။
2017-03-29
အစိုးရတပ်မတော် နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက် နေ့က ပလက်ဝမြို့အနီးက သမင်ရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေတယ်လို့ AA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။
2017-03-29
အမေရိကန်နိုင်ငံ အမျိုးသား အာကာသ နဲ့ လေကြောင်းသုတေသနဌာန NASA က ၂၀၁၇အတွက် အကောင်းဆုံးသုတေသနလို့ သတ်မှတ်တဲ့ဆုကို မြန်မာနိုင်ငံဖွား သိပ္ပံ ပညာရှင် ဒေါက်တာပဒေသာတင် ပါဝင်တဲ့အဖွဲ့က ရရှိခဲ့ပါတယ်။
2017-03-28
တပ်မတော်ကို ပြည်ထောင်စု အသွင်ဆောင်ပြီး ပြည်သူကို အကျိုးပြုတဲ့တပ်အဖြစ် ပြုပြင်ပြောင်း လဲဖို့ လိုအပ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဟောင်းတဦးဖြစ်တဲ့ NLD နာယက ဦးတင်ဦးက ပြောပါတယ်။
2017-03-27
စက်သုံးဆီလုပ်ငန်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ခွင့်မပြုဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ စာတင်တောင်းဆိုဖို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းက စီစဉ်ဆောင်ရွက်နေပါတယ်။
2017-03-26
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်က မဲဆန္ဒရှင် ၄၄၀၀ ရှိတဲ့ ကွန်ကျောင်း၊ နောင်အက်နဲ့ မော်မေ့ ကျေးရွာ အုပ်စုတွေက မဲရုံတွေကို ဖျက်သိမ်းဖို့ NLD ပါတီက တင်ပြထားတဲ့ ကိစ္စကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။
2017-03-24
လာမယ့် ဧပြီ ၁ ရက်နေ့မှာစတင်မယ့် ရန်ကုန်မြို့ သစ်စီမံကိန်းကို စတင်ဆောင်ရွက်ဖို့ မသင့်သေးကြောင်းနဲ့ စီမံကိန်းမှာ ပုဂ္ဂလိကလုပ်ငန်း ရှင်တစ်ဦးကို အစိုးရဘက်ကထည့်သွင်းခြင်းကို ကန့်ကွက်ကြောင်း မနေ့က မတ်လ ၂၃ ရက်မှာ ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ဆွေးနွေးတင်ပြခဲ့ပါတယ်။
2017-03-24
ကုလသမဂ္ဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ် မောင်တောဒေသကို အချက်အလက်ရှာဖွေရေးအဖွဲ့တွေ စေလွှတ်ဖို့ ဒီကနေ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
2017-03-24
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ကျေးရွာ၊ မိုးကြိုးပြင်အလယ်ကျေးရွာနဲ့ မိုးကြိုးပြင်မြောက်ကျေးရွာအနီး ပုသိမ်- မုံရွာ ကားလမ်းမပေါ်မှာ ဆူပူလှုံ့ဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ ၅ ဦး ထက်ပိုတဲ့ လူစုလူဝေးမပြုဖို့ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့မှာ ဆားလင်းကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး က အမိန့်စာ ထုတ်ပြန်လိုက်ပါတယ်။
2017-03-23
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်အတွင်းက ကွန်ကျောင်း ၊ နောင်အက်နဲ့ မော်မေ့ ကျေးရွာအုပ်စုတွေမှာ ထားရှိမယ့် မဲရုံတွေကိုပယ်ဖျက်ပေးဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ထံ တင်ပြထားပါတယ်။
2017-03-23
ဗကသ အဖွဲ့ဝင် ကိုမင်းသွေးသစ် ဦးဆောင်မယ့် အိုးဝေသံ သံချပ်အဖွဲ့က ဒီနှစ်သြင်္ကန်မှာ သူတို့ ဖျော်ဖြေမယ့် သံချပ်တွေကို ဆင်ဆာတင်သွားမှာ မဟုတ်ကြောင်း ပြောပါတယ်။ အိုးဝေသံ သံချပ်အဖွဲ့အနေနဲ့ အရင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တုန်းကလည်း ခွင့်ပြုချက်တင်ကြဖို့ ကြေညာထားပေမယ့် ခွင့်ပြုချက်မတင်ဘဲ သံချပ်အဖွဲ့ထွက်ခဲ့ပြီး အရေးယူမှုတွေတော့ မလုပ်ခဲ့ဘူးလို့ ကိုမင်းသွေးသစ်က ပြောပါတယ်။
2017-03-23
ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ခေါင်းဆောင်တွေနဲ့ နိုင်ငံသားအချင်းချင်း နားလည်မှု တည်ဆောက်တာကို တပ်မတော်သြဇာခံအဖြစ် ပြည်တွင်း ပြည်ပ ပြောဆိုနေမှုတွေဟာ လုံးဝလွဲမှားနေတဲ့ အယူအဆတရပ်ပါပဲလို့ ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။
2017-03-23
မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုစုရေးကဏ္ဏတွေ တိုးတက်လာခဲ့ပြီဖြစ်ပေမယ့် တရားစီရင်ရေးနဲ့ စီးပွာရေးတွေ မျှော်မှန်းသလိုဖြစ်မလာသေးပါဘူး၊ ဒါပေမဲ့ အခု ဧပြီလစတင်မယ့် ဘဏ္ဏာရေးနှစ် အတွင်းမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အထူးတိုးတက်လာမယ့် အခြေအနေရှိပါတယ်လို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။