သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-16
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ-သြစတြေးလျ အထူးထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ သြစတြေးလျနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
2018-03-16
တည်ရှိနေတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စည်းတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲ အတည်ပြုဖို့ လွှတ်တော်က ကြိုးစားနေသလို၊ ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့တွေကလည်း ကန့်ကွက်နေကြပါတယ်။
2018-03-16
ကရင်ပြည်နယ် ဖာပွန်ခရိုင်တောင်ပိုင်းက KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ အစိုးရတပ်မတော်ဘက်က လမ်းဖောက်လုပ်ဖို့ ပြင်ဆင်နေတဲ့အတွက် တပ်မတော်စစ်ကြောင်းတွေ ပြန်ရုပ်သိမ်းပေးဖို့ KNU က ၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-03-16
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ရေးရာကိစ္စတွေကို ပူးပေါင်းဖြေရှင်းဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မြန်မာ-တရုတ် နယ်စပ်ဆက်ဆံရေးရုံးကို ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ပြည်ထဲရေး၊ သစ်တောရေးရာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား စတဲ့ဝန်ကြီးဌာနတွေက ခရိုင်အဆင့် တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
2018-03-15
တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာမေးခွန်းနဲ့ပတ်သက် ပြီး ဆရာဆရာမတွေအကြား ငြင်းခုံသံတွေ ထွက်နေတာဟာ ပညာရေးစနစ်အခြေခံကြောင့် သာဖြစ်ပြီး NLD အစိုးရဟာ အဲဒီစနစ်ကိုပြောင်းလဲ ဖို့ကြိုးစားနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး NLD အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ၊ NLD ပညာရေး ကွန်ရက်ကို ဦးဆောင်သူတယောက်ဖြစ် တဲ့ ဒေါက်တာ ဘိုင်အိုခေါ် ဒေါက်တာစိုးဝင်းဦး က ပြောပါတယ်။
2018-03-15
လွှတ်တော်မှာ အတည်ပြုဖို့ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းဟာ ဒီမိုကရေစီနဲ့ မင်းမဲ့စရိုက်ကို ထိန်းညှိဖို့ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ မုံရွာအောင်ရှင် ကပြောပါတယ်။
2018-03-15
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ တပ်မတော်တို့ ပူးပေါင်းပြီး TNLA တအာင်းပလောင်အဖွဲ့ကို ထိုးစစ်ဆင်နေကြောင်းနဲ့ ရှမ်းမြောက်မှာဖြစ်နေတဲ့ RCSS နဲ့ TNLA တိုက်ပွဲတွေဟာ တပ်မတော်က RCSS ကို အသုံးချနေတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ TNLA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
2018-03-15
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ RCSS တို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ တစ်ပတ်နီးပါးရှိနေပြီဖြစ်ပါတယ်။
2018-03-15
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားအုပ်စု မခေါဒီ ရွာအနီးက ဧရာဝတီမြစ်ကမ်းမှာ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေတာကို ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦး၊ သယံဇာတနဲ့ သတ္တုတွင်း ဝန်ကြီးဋ္ဌာန ပြည်နယ်အဆင့်တာဝန်ရှိသူတွေ နဲ့ ဒေသအာဏာပိုင်တွေ မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
2018-03-14
မြောက်ပိုင်း မဟာမိတ် FPNCCဖွဲ့ ဝင်တွေဖြစ်တဲ့ UWSA နဲ့ မိုင်းလား အဖွဲ့တွေ NCA မှာလက်မှတ်ရေးထိုးတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လအတွင်း ဝအဖွဲ့နဲ့ မိုင်းလား အဖွဲ့တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံအပြီး ဒီသတင်းထွက်ပေါ်လာတာဖြစ်တယ်လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ ဦးသန်းစိုးနိုင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
2018-03-14
မုဒိန်းမှု၊ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးနိုင်မယ့် ဥပဒေတခုပြဌာန်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးပမ်းနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မိဘမဲ့ကလေးတွေ၊ မကျန်းမာတဲ့ကလေးတွေ၊ သက်ငယ်မုဒိန်းကျူးလွန်ခံရတဲ့ ကလေးတွေအတွက် ကူညီနေတဲ့ ရုပ်ရှင်မင်းသမီး ခိုင်နှင်းဝေ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2018-03-14
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို ပြန်လည်စိစစ်လက်ခံရေးကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD က ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
2018-03-14
နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးမှာ အသဲရောဂါလက္ခဏာတွေ တွေ့ရတဲ့အတွက် မိသားစုက ထောင်ပိုင်ကြီးကတဆင့် ဆေးရုံတင်ခွင့် တောင်းဆိုသွားမယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးခင်မောင်ဇော် ကပြောပါတယ်။
2018-03-14
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လက်လုပ်မိုင်း ၃ လုံးပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး စစ်တွေမြို့မ ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးနိုင်စိုးဟာ အသည်းရောင် အသားဝါ ဝေဒနာကို ခံစားနေရသူဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေဟာ ဆိုးဝါးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2018-03-14
မတ်လ ၁၀ရက်နေ့ကနေ ၂၇ရက်နေ့အတွင်း မွန်ပြည်သစ်ပါတီကကျင်းပမယ့် လူထုတွေ့ဆုံပွဲတွေကို တပ်မတော်ဘက်က လူဦးရေကန့်သတ်လိုက်တဲ့အတွက် ရပ်ဆိုင်းထားရတဲ့ပွဲတွေ ပြန်လည်ကျင်းပနိုင်ဖို့ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင်က ညှိနှိုင်းပေးလိုက်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။