သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-31
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်က မွတ်ဆလင်တွေနေရာမှာ ဝင်ရောက်ကျူးကျော်နေသူတွေကို ဖယ်ရှားဖို့ အမိန့်စာကပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး လုပ်ကြံခံရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ ပြည်နယ်အစိုးရကို ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်
2020-05-29
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝ နဲ့ ဆမီးမြို့ စိမ့်စင်းကျေးရွာ၊ မီးဇာကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မှုမရှိဘဲ လူစုလူဝေးနဲ့ နေထိုင်နေရပါတယ်။
2020-05-28
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း ကို ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အပေါ် အမြင်သဘောထားနဲ့ တခြားအရေးကြီးတဲ့ လွှတ်တော်ရေးရာကိစ္စတွေအကြောင်း၊ RFA ဝိုင်းတော်သား ကိုသီဟထွန်း က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2020-05-25
ICJ နိုင်ငံတကာတရားရုံးကို မြန်မာနိုင်ငံဘက်က တင်သွင်းတဲ့ ကြားဖြတ် အစီရင်ခံစာမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်ဆိုတာ မသိရသေးပေမယ့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေ ပြောင်းလဲမှုမရှိသေးဘူးလို့ အင်္ဂလန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း-ယူကေ က ပြောလိုက်ပါတယ်။
2020-05-24
ဒီအစီအမံတွေထဲမှာ တောင်သူတွေအတွက် ထိရောက်မှု၊ ကပ်ဘေးကာလနဲ့ အနာဂတ် စိုက်ပျိုးရေးကဏ္ဍ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူ၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က တောင်သူ ဦးကိုလေးမောင်၊ စီးပွားရေး လေ့လာသုံးသပ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) တို့ကို ဆက်သွယ် မေးမြန်းထားပါတယ်။
2020-05-23
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အက်ဆစ်နဲ့ အပက်ခံရတဲ့အမှုတွေကို မကြာသေးခင် နှစ်တွေအတွင်းမှာ သိသိသာသာ တွေ့လာရပါတယ်။ ဒီလိုဖြစ်ရပ်တွေကနေ နောင်မှာ အမျိုးသမီးတွေရဲ့ လုံခြုံမှုကို ဘယ်လို ကာကွယ်နိုင်ပါမလဲ။
2020-05-21
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ် ကို၊ RFA ဝိုင်းတော်သူ မသက်စုအောင် က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2020-05-10
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့နှုန်း အတော်လေး လျော့ကျသွားတာကြောင့် ၅၈ ရက်ကြာ Lockdown ချ အသွားအလာ ကန့်သတ်ခဲ့ပြီးနောက် မေလ ၄ ရက်နေ့ကစပြီး နိုင်ငံကို ပြန်ဖွင့်ပေးလိုက်ပါပြီ။
2020-05-07
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့က မြန်မာနိုင်ငံသားအယောက် ၁ဝဝ ကျော်ဟာ အစိုးရစီစဉ်ပေးတဲ့လေယာဉ်နဲ့ လာမယ့်မေလ ၁ဝ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာကြတော့မှာဖြစ်ပါတယ်။
2020-05-04
အခုမေလ ၂၃ ရက်နေ့မှာ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးကချမှတ်ထားတဲ့အတိုင်း မြန်မာအစိုးရက ပထမဆုံးအကြိမ်အစီရင်ခံစာတင်ရမှာဖြစ်ပါတယ်။ အဲဒီချမှတ်ချက်မှာ ဖော်ပြထားတဲ့အချက် (၄) ချက်နဲ့အညီ မြန်မာအစိုးရဘက်က ဘယ်လိုပြင်ဆင်နေလဲဆိုတာ မတွေ့ရဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။
2020-05-04
ပြည်ပကပြန်လာတဲ့သူတွေရော၊ ပြည်တွင်းလုပ်ငန်းရှင်တွေပါ အလုပ်အကိုင်နဲ့စီးပွားရေး အခွင့်အလမ်း ရှမ်းပြည်နယ်မှာ ဘယ်လိုရှိမလဲ၊ တရုတ်ကလှူတဲ့ ကိုရိုနာဗိုင်းရပ်စ်စစ်တဲ့ ကရိယာတွေအသုံးတဲ့၊ မတဲ့ဆိုတာတွေ နားဆင်ရမှာဖြစ်ပါတယ်။
2020-05-03
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ရှမ်းပြည်နယ်မှာ ဘယ်လိုဆောင်ရွက်နေသလဲ ဆိုတာနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးညွန့်လွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း ကြည့်ရှုနိုင်ပါပြီ။
2020-05-01
တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ပြီး ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဂိတ်ကနေတဆင့် ပြန်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ သူတို့နေရပ်ပြန်ရောက်ရင် ကျန်းမာရေးစောင့်ကြည့်ကာလ အနေနဲ့နေကြဖို့ အစိုးရကစီစဉ်ပေးထားပါတယ်။