သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-05
ဇွန်လ ၄ ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA က ကိုဗစ်-၁၉ ရောဂါအပေါ် NUG ရဲ့ သဘောထား၊ PDFအဖွဲ့များကိုအကူအညီပေးရေးကိစ္စ၊ ရိုဟင်ဂျာများအပေါ်ထားရှိတဲ့ NUG ရဲ့ ပေါ်လစီ စတာတွေကို မေးမြန်းခဲ့ပါတယ်။
2021-05-31
စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ရွာမှာ လူငယ်တွေနဲ့ CDM ဝန်ထမ်းတွေကို စစ်တပ်ကဝင်ဖမ်းလို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ အပြန်အလှန်ပစ်ခတ်ကြပြီး နှစ်ဖက်ထိခိုက်မှုရှိပါတယ်။ ပြည်သူဘက်က ခြောက်ယောက်ကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းသွားပါတယ်။
2021-05-28
စစ်အာဏာရှင်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအားလုံး အနေနဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက် အောင်မြင်တဲ့အထိ အဆုံးတိုင် ပါဝင်ပေးကြဖို့ နဲ့ ဘယ်လို အကြောင်းကြောင့်နဲ့မှ အာဏာရှင်ကို အရှုံးမပေးကြဖို့ အလှမယ် ထားထက်ထက်က တိုက်တွန်းလိုက်ပါတယ်။
2021-05-27
မကွေးတိုင်း အနောက်ခြမ်းရိုးမထဲက ကျွန်းနဲ့တူတဲ့ စကားဝါသစ်တွေကို တရားမဝင်ခိုးထုတ်ပြီး နယ်စပ်ကို ပို့နေပါတယ်။
2021-05-27
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ကချင်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ KPICT တို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးပွဲကို မေလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ကြားကာလအတွင်း ကချင်ဒေသမှာ အစိုးရဖွဲ့စည်းရေး အကောင်အထည်ဖော်ရာမှာ ညှိနှိုင်းဆောင်ရွက်မယ်လို့ဆိုပါတယ်။
2021-05-27
မြန်မာနိုင်ငံမှာ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွင်းမှုတွေအတွင်း သတင်းရယူခဲ့တဲ့ ဂျပန် သတင်းထောက် ယုကိ ခိတဇုမိ ကို အာဏာသိမ်း စစ်ကောင်စီက သတင်းမှား ဖြန့်ဝေမှုစွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက်၊ ဂျပန် သံအမတ်ရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ ပြန်လွတ်လာခဲ့ပြီး မေလ ၁၄ရက်က ဂျပန်နိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
2021-05-26
အမျိုးသားညီညွတ်ရေးအစိုးရက ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲနေပြီဖြစ်ပါတယ်။ အဲဒီမူကြမ်းကို ရေးဆွဲရာမှာ တိုင်းရင်းသားတွေရဲ့ သဘောထားတွေ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှာလဲ။
2021-05-21
ပြည်သူ့ပါတီက အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်ဟာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးကို တက်ရောက်ဖို့ ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာ သူတို့ပါတီက ဆုံးဖြတ်ခဲ့တာကို သဘောမတူတဲ့အတွက် ပါတီက နုတ်ထွက်ခဲ့ပါတယ်။
2021-05-20
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ဟာ ရွှေထွက်တဲ့အတွက် အနယ်နယ်အရပ်ရပ်က လူစုံလာရောက်တဲ့ နေရာဖြစ်ပြီး အရင်ကဖွင့်ခွင့်မရှိတဲ့ လောင်းကစားဝိုင်းတွေ ခု ဖွင့်ထားပါတယ်။
2021-05-19
ပဲခူးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာသပိတ်တိုက်ပွဲဝင်ကြသူတွေကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းတာကြောင့် သပိတ်မှာပါဝင်တဲ့ ဒေသခံလူငယ် ထောင်နဲ့ချီပြီး ထွက်ပြေးခဲ့ကြရတယ်လို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်တဲ့ Gen Z လူငယ်တဦးက ပြောပါတယ်။
2021-05-18
စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်တာတွေကို မခံမရပ်နိုင်တော့တဲ့အတွက် အာဏာရှင်ကို ပြန်လည်တိုက်ထုတ်ဖို့ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းလာတက်နေတာလို့ Gen Z မျိုးဆက်သစ် လူငယ်တဦးဖြစ်တဲ့ မနှင်းဆီ ( အမည်လွှဲ ) က ပြောပါတယ်။
2021-05-17
စစ်ကောင်စီတပ်တွေက ပြည်သူတွေကို အင်အားသုံးချေမှုန်းနေတာဟာ ပြသနာကို ပြေလည်စေမဲ့ နည်းလမ်းမဟုတ်ဘူးလို့ စစ်တပ်ကနေ ပြည်သူ့ဘက်ပူးပေါင်းလာတဲ့ ဗိုလ်မှူးဟိန်းသော်ဦးက ပြောလိုက်ပါတယ်။
2021-05-15
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ဈေးကြီး မီးလောင်ချိန်မှာ သေနတ်သံတွေ ကြားနေရပြီး မြို့ထဲမှာရှိတဲ့ မီးသတ်ကားတွေလည်း မီးငြိမ်းခွင့်မရခဲ့ပါဘူး။ မီးလောင်ချိန်မှာလည်း တစ်နေရာတည်း စလောင်တာမဟုတ်ဘဲ လေးနေရာလောက်ကနေ လောင်ကျွမ်းတာဖြစ်တယ်လို့ ဆိုင်ခန်းတွေ မီးလောင်တဲ့ထဲပါသွားတဲ့ ရွှေဘိုဈေးသူတစ်ယောက်က RFA ကို ပြောပါတယ်။
2021-05-12
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိကဘဏ်တွေဟာ ပုံမှန်အတိုင်း လုပ်ငန်း မလည်ပတ်နိုင်တော့လို့ ပြည်သူတွေဟာ ငွေထုတ်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။