သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-09
ရန်ကုန်တိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်း ကျဆင်းလာတဲ့အတွက် ကုသရေးနဲ့ စောင့်ကြည့်စင်တာတချို့ကို ယာယီရပ်နားထားပေမယ့်လည်း အပြီးပိတ်သိမ်းမှာ မဟုတ်သေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က RFA ကို ပြောပါတယ်။
2021-01-08
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တပ်မတော်ကြား တိုက်ပွဲတွေမဖြစ်ရေး တွေ့ဆုံညှိနှိုင်းဖို့ အကြောင်းကြားပေမယ့် တပ်မတော်ဘက်က အကြောင်းမပြန်ဘူးလို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောပါတယ်။
2021-01-08
နေပြည်တော်မှာ ဒီနေ့ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ Bilateral ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ညှိနှိုင်းနေတဲ့ကိစ္စ၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လေးဦးကို တရားစွဲထားတဲ့ ကိစ္စတွေ အပါအဝင် အရေးကြီးတဲ့ ကိစ္စတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
2021-01-08
အီရန်နိုင်ငံမှာ ဖမ်းဆီးထားတဲ့ တောင်ကိုရီးယား လောင်စာဆီတင်သင်္ဘော HANKUK CHEMI ပေါ်က မြန်မာသင်္ဘောသား ၁၁ ယောက် လွတ်မြောက်ဖို့အတွက် သင်္ဘောသားစေလွှတ်ထားတဲ့ ကုမ္ပဏီကတဆင့် အသေးစိတ် စုံစမ်းနေပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနကို အကူအညီ တောင်းထားတယ်လို့ မြန်မာရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းမြေ့က ပြောပါတယ်။
2021-01-07
၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေ လမ်းကြောင်းအရ တရားစွဲဆိုတာဟာ အောင်မြင်နိုင်မယ့် အလားအလာ မရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောလိုက်ပါတယ်။
2021-01-07
ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုလို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ဇန်နဝါရီလ ၆ ရက်နေ့ည ၉ နာရီခန့်က အမ်းမြို့နယ်ထဲမှာ စတစ်ကာတွေကပ်ပြီး တောင်းဆိုခဲ့ပါတယ်။
2021-01-06
ကရင်တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်တု စိုက်ထူထားရှိတာကို အစိုးရဘက်က အသိအမှတ်ပြုပေးဖို့နဲ့ တားဆီးပိတ်ပင်တာတွေ မလုပ်ဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2021-01-06
ကပ်ရောဂါနဲ့ စစ်ဒဏ်ကို ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက စားသောက်ကုန်တွေ၊ အဝတ်အထည်တွေကို ထောက်ပံ့ကူညီနေပါတယ်။
2021-01-03
ရက္ခိုင့်တပ်တော် AA အဖွဲ့ရဲ့ နှစ်လကျော်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ တောင်ကုတ်မြို့နယ် NLD ပါတီ ကိုယ် စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောက သူတို့သုံးဦး ဖမ်းဆီးခံရတဲ့ဖြစ်ရပ်ကြောင့် မျိုးဆက်သစ်တွေ နိုင်ငံရေးကို ကြောက်သွားမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။
2021-01-01
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောတို့ သုံးဦးကို ရက္ခိုင့်တပ်တော် AA က ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။ သူတို့ သုံးဦးကို တပ်မတော်က AA အဖွဲ့ဆီကနေ လွှဲပြောင်းလက်ခံလာပြီး စစ်တွေမြို့ကို ခေါ်ဆောင်လာတာဖြစ်ပါတယ်။