ဆွာရေဘေးအခြေအနေ ဆက်သွယ်မေးမြန်းချက်

2018-08-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဆွာရေလှောင်တမံ ကျိုးပျက်မှုကြောင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာချောင်းတလျှောက်က ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်းနဲ့၊ လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေမှာ ရေးသားနေသလို လူဆယ်ဂဏန်းကျော် သေဆုံးတယ်ဆိုတာ မဟုတ်ဘူးလို့ ရေတာရှည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က ပြောပါတယ်။ လောလောဆယ် ရေဘေးဒုက္ခသည်တချို့ နေရပ်ပြန်နေကြပြီး ဆွာချောင်းတလျှောက်မှာလည်း ရေဘေးစိုးရိမ်စရာ မရှိတော့ဘူးလို့ ပြောပါတယ်။  ဦးမင်းနိုင်အောင်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့