စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ ဆက်ထိန်းထားကြဖို့ ဒေါက်တာတေဇာစန်းတိုက်တွန်း

2021.10.04

စစ်ကောင်စီပြုတ်ကျရေးအတွက် ဒေသခံခုခံကာကွယ်ရေးတပ် PDF တွေက စစ်ရေးနည်းအရ တိုက်နေသလို မြေပြင်လှုပ်ရှားမှု ဆန္ဒပြသပိတ်တွေ၊ စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေကိုလည်း ဆက်ထိန်းထားကြဖို့ မန္တလေးမြို့က ဆန္ဒပြသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်းထားတာ ရှစ်လတိုင်လာပြီဖြစ်ပေမယ့် စစ်ကောင်စီဘက်က နိုင်ငံကို လုံးဝအုပ်ချုပ်လို့ မရသေးတာကိုလည်း အထင်းသားမြင်နေရတယ်လို့ ဆိုပါတယ်။ ဒေါက်တာတေဇာစန်းကို RFA ဝိုင်းတော်သား စောဖိုးခွားက မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။