တိုက်ပွဲတွေကြောင့် SNLD ပါတီ မဲဆွယ်စည်းရုံးရေး အခက်ခဲတွေ့

2015-10-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း မိုင်းရှုး၊ ကျေးသီးနဲ့ တန့်ယန်းမြို့နယ်တွေမှာ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးတာတွေလုပ်ရာမှာ အခက်အခဲတွေရှိတယ်လို့ SNLD ပါတီရဲ့တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးစိုင်းလိတ်က ပြောပါတယ်။

ဒီကနေ့ တောင်ကြီးမြို့မှာ SNLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေနဲ့ မိတ်ဆက်ပေးခဲ့ရာမှာ ပြောကြားခဲ့တာပါ။

SNLD ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်ကို RFA သတင်းထောက် ကိုဘုန်းမြတ်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့