လုပ်ငန်းမလုပ်တဲ့မြေကွက်တွေ ပြန်သိမ်းဖို့ အစိုးရကို တိုက်တွန်း
2017.10.04
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းအကောင်အထည်မဖော်ဘဲ မြေဈေးကစားတာတွေ၊ လုပ်ငန်းမလုပ်တာတွေကြောင့် နိုင်ငံတော်ကရရှိမယ့် အခွန်တွေ ဆုံးရူံးတာတွေ ရှိနေတဲ့အတွက် လုပ်ပိုင်ခွင့်ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတဲ့ မြေကွက်တွေကို ပြန်လည်စိစစ်ပြီး သိမ်းဆည်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို မင်္ဂလာတောင်ညွန့်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
ဦးလှဌေးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။