ရန်ကုန်မြို့တော်စည်ပင်ဥပဒေမူကြမ်း အတည်ပြု

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီးပွားရေးလုပ်ကိုင်ဖို့ ဥပဒေ ရေးဆွဲ ထည့်သွင်းထားတဲ့ အခန်းတစ်ခုလုံးကို ပယ်ဖျက်ပြီး အပြောင်းအလဲတွေ အများအပြားပါဝင်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (မူကြမ်း) ကို တိုင်းလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီးပွားရေးလုပ်ကိုင်ဖို့ ဥပဒေရေးဆွဲထည့်သွင်းထားတဲ့ အခန်းတစ်ခုလုံးကို ပယ်ဖျက်ပြီး အပြောင်းအလဲတွေ အများအပြားပါဝင်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (မူကြမ်း) ကို တိုင်းလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဒီမူကြမ်းမှာ... ဒုတိယ ရန်ကုန်မြို့တော်ဝန် ခန့်အပ်ဖို့၊ စည်ပင်သာယာရေးကော်မတီရဲ့ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကို လွတ်လွတ်လပ်လပ်ဖွဲ့စည်းဖို့၊ ဝန်ထမ်းတွေ တာဝန်အလွဲသုံးစားလုပ်ရင် အရေးယူဖို့ စတဲ့အချက်တွေကို ဖြည့်စွက်ပြဋ္ဌာန်းထားတယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

ဦးလှဌေးကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။