သင်္ဃန်းကျွန်းတရားရုံးရောက် ကိုထင်ကျော်


2014.05.20

အစိုးရနှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲခံနေရတဲ့ ကိုထင်ကျော်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဒီနေ့မနက်က ရုံးထုတ် စစ်ဆေးခဲ့ ပါတယ်။ အလားတူပဲ မီတာခတိုးမြှင့်ကောက်ခံတဲ့အပေါ် ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ က ကျောက်တံတား မြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဦးဝင်းချိုနဲ့ ကိုဝေလုတို့ကိုလည်း ကျောက်တံတားမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။