လင့်မြင့်ကျေးရွာအတွက် စက်ရေတွင်းအလှူ


2017.03.31

မကွေးတိုင်းအတွင်းမှာ နွေရာသီရောက်တိုင်း သောက်သုံးရေ ပြတ်လပ်တဲ့ ဒေသအတော်များများ ရှိနေပါတယ်။ မကွေးမြို့နယ်က လင့်မြင့်ကျေးရွာမှာ စက်ရေတွင်း ပျက်စီးနေတဲ့အတွက် သောက်သုံးရေ ရှားပါးနေတဲ့အကြောင်း RFA က မကြာသေးခင်က ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီလို ထုတ်လွှင့်အပြီးမှာပဲ စက်ရေတွင်း လှူဒါန်းမယ့် စေတနာရှင်တဦး ထွက်ပေါ်လာတဲ့အတွက် မကြာခင်ရက်ပိုင်းအတွင်း လင့်မြင့် ကျေးရွာမှာ ရေရရှိတော့မယ်လို့ သိရပါတယ်။ မကွေးအခြေစိုက် RFA သတင်းထောက် ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။