၂ဝ၁၄ ခုနှစ် အကုန်လောက်မှာ လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေး ပါတီခေါင်းဆောင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။