တရားမဝင်တရုတ်ဆေးခန်းတွေ အရေးယူပြီ


2018.07.26

 

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှာ တရားမဝင် ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားတွေ လာရောက် ဆေးကုသပေးနေတဲ့ Friendly ဆေးခန်းကို ကျန်းမာရေး ဦးစီးဌာနက ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ ၂၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

RFA သတင်းထောက် ကိုအောင်သိင်္ခ တင်ပြထားပါတယ်။

(ရိုက်ကူး၊ တင်ဆက် - ကိုအောင်သိင်္ခ/RFA)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။