တအာင်း ဥပဒေထောက်ကူအဖွဲ့ တာဝန်ခံ လွတ်မြောက်ရေး

2018-04-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းမုတုန်ရပ်ကွက်က အပေါင်ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်မှုရှိတယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ “တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့” တာဝန်ခံ မိုင်းမျိုးအောင် ပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို လားရှိုးမြို့  နဂါးရုံဘုရားမှာ ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ မိုင်းမျိုးအောင်ဟာ ဒီပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တာ မရှိသလို အဖမ်းခံထားရတဲ့အတွက် သူလုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာတာတွေ ရှိနေတယ်လို့ အဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောပါတယ်။ RFA သတင်းထောက်ကိုကံသာ တင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့