မြို့ပြစီမံကိန်းဖော်ဆောင်ဖို့ လျာထားခံရတဲ့ မကွေးမြို့မြောက်ဘက်၊ ထုံးပေါက်တောကျေးရွာအုပ်စု က တောင်သူတချို့ရဲ့ လယ်ယာမြေမှတ်ပုံတင် ပုံစံ (၇) တွေဟာ အစစ်မဟုတ်ဘဲ အတုတွေဖြစ်နေတဲ့အတွက် အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုဇော်တူးက သတင်း ပေးပို့ထားပါတယ်။