ရှောင်ဖို့ခက်တဲ့ အဆိပ်ချိုချို


2020.04.10

မိုနိုဆိုဒီယမ် ဂလူတာမိတ်လို့ ခေါ်တဲ့ ဟင်းခတ်အချိုမှုန့်ကို ကာလကြာရှည် စားသုံးမယ်ဆိုရင် ဦးနှောက်အာရုံကြောရောဂါ၊ သွေးတိုးရောဂါ၊ အရိုးအဆစ်ရောဂါ စတဲ့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်တာကြောင့် တချို့နိုင်ငံတွေမှာ အချိုမှုန့်  မသုံးကြဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။

ဒါပေမယ့် ဟင်းလျာတိုင်းအတွက် ထူးကဲတဲ့အရသာ ပေးနိုင်စွမ်းတဲ့ အချိုမှုန့်ကို နိုင်ငံအတော်များများမှာ ဒီကနေ့အထိ အသုံးပြုနေကြပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

မြန်မာတွေရဲ့ အချိုမှုန့်သုံးစွဲမှုနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မမြသဲခိုင်က ရိုက်ကူးတင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။