အရပ်သားအစိုးရလက်ထက်မှာ ကိုလိုနီခေတ်နဲ့ စစ်အာဏာရှင်စနစ်အောက်က ဥပဒေတွေကို ဆက်အသုံးပြုပြီး သတင်းလောကကို ထိန်းချုပ်ဖို့ကြိုးစားနေသလို အာဏာပိုင်တွေနဲ့ သတင်းသမားတွေရဲ့ဆက်ဆံရေးလည်း ပိုဝေးကွာလာပါတယ်။ ဒီအနေအထားတွေဟာ ခေတ်နောက်ပြန်သွားနေတာဖြစ်ပြီး ပြည်တွင်း ပြည်ပက သတိထား စောင့်ကြည့် ဝေဖန်စရာတွေဖြစ်လာတယ်လို့ သတင်းလောကသားတွေက သုံးသပ်ကြပါတယ်။ မခက်မာ ဆက်လက်တင်ပြပေးပါ့မယ်။