ရွှေလင်ဗန်းစက်မှုဇုန် ကျူးကျော်တဲတွေအရေး

2017-01-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်က စက်ရုံတချို့ရှေ့မှာ ကျူးကျော်တဲတွေ ထိုးပြီး လုပ်ငန်းရှင်တွေဆီကနေ အဓမ္မ ငွေတောင်းခံနေတာတွေနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေနဲ့ အိုးအိမ်ဦးစီး ဌာန တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းကို RFA သတင်းထောက် မဝေမာထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့