အင်တာနက်ဖြတ်တောက်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်


2019.06.28

 

စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက မြို့နယ် ၉ ခုမှာ အစိုးရရဲ့ အင်တာနက်ဖြတ်တောက်မှုဟာ သတင်းအမှောင်ချတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ကြပါတယ်။ လုံခြုံရေးအရ လုပ်ဆောင်တာလို့ အစိုးရက ပြောထားပေမယ့်- နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဒေသခံတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုများလာမှာကို စိုးရိမ်နေကြတာပါ။

ဒီလို အင်တာနက်ဖြတ်တောက်မှုရဲ့ နောက်ဆက်တွဲ ကြီးမားတဲ့ အကျိုးဆက် ဘာတွေ ဖြစ်လာနိုင်သလဲ။ လူ့အခွင့်အရေးနဲ့ လုံခြုံရေးကြား ချိန်ခွင်လျှာ ဘယ်လိုညှိမလဲဆိုတာကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။

ရိုက်ကူး - မင်းသိန်းအောင်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။