ရေကျသွားပြီးနောက်ပိုင်း မျိုးစပါးတွေကို အစိုးရက ကူညီထောက်ပံ့ဖို့ လိုအပ်နေ


2018.08.04

ကရင်ပြည်နယ်မှာ မိုးများပြီး မြစ်ရေ၊ ချောင်းရေတွေတက်လို့ ရေကြီးရေလျှံမှုတွေဖြစ်နေတာ နှစ်ပတ်နီးပါးကြာမြင့်နေပြီဖြစ်ပြီး ပြည်နယ်အတွက် အဓိကအားထားရတဲ့ စိုက်ပျိုးလယ်ယာမြေ ဧက သောင်းနဲ့ချီ ရေနစ်မြုပ်နေပါတယ်။

ရေကျသွားပြီးတဲ့နောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့နဲ့ ဒေသခံတွေအတွက် မျိုးစပါးတွေကို အစိုးရက ကူညီထောက်ပံ့ဖို့ လိုအပ်နေပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။