ကလေးအတွက် မုန့်ထွက်ဝယ်ရင်း သေနတ်ကျည်ထိမှန်ခဲ့တဲ့ မဒေစီ

2021-03-01
Share

မန္တလေးမြို့က အသက် ၃၂ နှစ်အရွယ် မဒေစီဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သူနေထိုင်တဲ့ အမြောက်တန်းရပ်ကွက်နေအိမ်ရှေ့မှာ သေနတ်ကျည်ဆံထိမှန်ပြီး ကွယ်လွန်သွားပါတယ်။ မနေ့က ညနေပိုင်း ဆန္ဒပြပွဲတွေသိမ်းသွားချိန်မှာ သားငယ်ဖြစ်သူအတွက် ရပ်ကွက်ထဲမှာ မုန့်ထွက်ဝယ်ရင်း ဆိုင်ကယ်တစီးပေါ်က သေနတ်နဲ့ ပစ်သွားတာကြောင့် ခေါင်းထိမှန်ပြီး သေဆုံးသွားတာလို့ အဒေါ်ဖြစ်သူက RFA ကိုပြောပါတယ်။

မဒေစီမှာ ခြောက်နှစ်အရွယ် သားငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။ မန္တလေးမှာ မနေ့က ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့