မင်းတပ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲပြင်းထန်

2021-05-15
Share
ချင်းပြည်နယ် မင်းတပ်မြို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF တို့ တိုက်ပွဲပြင်းထန်နေတာကို မေလ ၁၅ ရက် ဒီနေ့ ၉ နာရီအချိန်လောက်က ကြားမြင်နေရတာပါ။
စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ် ၄ စီးနဲ့ ၂၇၄ တပ်ရင်းအတွင်းကို စစ်ကူနဲ့ လက်နက်တွေ ဒီနေ့မနက်က ချပေးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
မင်းတပ်မြို့ထဲကိုလည်း လက်နက်ကြီးနဲ့ ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့