မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာမှာ သွားလာ လှုပ်ရှားနေထိုင်သူ အသက် ၃၇ နှစ်အရွယ် မင်းမျိုးထွန်းမှာ အများနဲ့ မတူတဲ့ အချက်တစ်ခု သိသိသာသာ ရှိနေပါတယ်။ အဲဒါကတော့ သူ့မှာ ခြေထောက် တစ်ဘက်သာ ရှိခြင်းပါပဲ။
သူ့ရဲ့ ခြေတစ်ဘက်ကို သူ့ရဲ့ ခြံဥယျာဉ်ကိုအသွား မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်မှာ ဆုံးရှုံးခဲ့ရတာပါ။ RFA သတင်းထောက် မင်းခိုင်စိုးလင်း က တင်ပြထားပါတယ်။