တိုက်ပွဲတွေကြားက မြောက်ဦးရှေးဟောင်းဘုရားပုထိုးများ

2019-04-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

ရခိုင်ပြည်နယ်မှာ ရှေးဟောင်းစေတီပုထိုးတွေ အများဆုံးရှိတဲ့ မြောက်ဦးမြို့ပေါ်မှာ မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်ကြရသလို ဘုရားပုထိုးစေတီတွေကို ထိမှန်ပြီး ပျက်စီးတာတွေလည်း ရှိနေပါတယ်။

လာမယ့် စက်တင်ဘာလမှာ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုနေကြသလို၊ တိုက်ပွဲတွေကြောင့် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရေး လုပ်ငန်းတွေလည်း နှောင့်နှေးနေပါတယ်။ RFA ဝိုင်းတော်သား စောဖိုးခွားက တင်ပြထားပါတယ်။

(ရိုက်ကူး- မင်းသိန်းအောင်၊ကျော်ထွန်းနိုင်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့