တစ်ဖက်သတ်ကွာရှင်းခွင့်ကိစ္စ ရှင်းလင်းပွဲ

အစ္စလာမ်ဘာသာဝင် အမျိုးသားတွေဟာ သူတို့ အမျိုးသမီးကို ကွာရှင်းချင်တယ်ဆိုရင် သွလာက်နှင့် ဟလာလယ်လို့ခေါ်တဲ့ ကွာရှင်းခြင်း စကားလုံးကို ၃ ကြိမ်ပြောလိုက်ယုံနဲ့ ကွာရှင်းလို့ရကြောင်း အစ္စလာမ်ဘာသာရေးအရ ခွင့်ပြုထားပါတယ်။

အဲ့ဒီလို အစ္စလာမ်ဘာသာဝင်တွေမှာ အမျိုးသားတွေဘက်က တစ်ဖက်သတ် ကွာရှင်းခွင့်ရှိတာကို လက်မခံနိုင်သူနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

RFA သတင်းထောက် မသက်စုအောင် က တင်ပြထားပါတယ်။